IGCSE နဲ့ အခြေခံပညာအထက်တန်း အောင်မြင်ထားသူများအတွက် ပညာရေးဆွေးနွေးပွဲ ပြုလုပ်မည်

[ Zawgyi ]




-သန္တာ

[ Unicode ]

IGCSE နဲ့ အခြေခံပညာအထက်တန်း အောင်မြင်ထားသူတွေအတွက် Kaplan Myanmar University College ရဲ့ ပညာရေး ဆွေးနွေးပွဲကို သြဂုတ်လ ၄ ရက်၊ နံနက် ၁၀ နာရီမှ နေ့လယ် ၁၂ နာရီအထိ KMUC Campus မှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆွေးနွေးပွဲမှာ IGCSE နဲ့ ဆယ်တန်းအောင်မြင်ထားတဲ့ ကျောင်းသား/သူများအတွက် ပညာရေးလမ်းကြောင်းတွေ၊ ပြည်တွင်းပြည်ပ ပညာရေးအခွင့်အလမ်းတွေအကြောင်း၊ မိမိလျှောက်လှမ်းမယ့် ပညာရေးလမ်းကြောင်းမှတစ်ဆင့် ပြည်တွင်းပြည်ပ အလုပ်အကိုင် အခွင့်အလမ်းတွေအကြောင်း၊ Kaplan Myanmar ကသင်ကြားပေးမယ့် ဘာသာရပ်တွေအကြောင်း၊ ပညာသင်ဆုတွေအကြောင်း၊ University Direct Partner ချိတ်ဆက်ထားမှုနဲ့ Exchange Programme တွေအကြောင်းကို ဆွေးနွေးပေးမှာ ဖြစ်ပါတယ်။

ပွဲတက်ရောက် လိုသူတွေအနေနဲ့ Kaplan Myanmar University College ဖုန်း – 09777 63 6000 နဲ့ 09777 68 6000 တို့မှာ စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ