iGCSE စာမေးပွဲဖြေခွင့်ရမည့် Grade12 Program အွန်လိုင်းပညာရေးဆွေးနွေးပွဲ ကျင်းပမည်

iGCSE စာမေးပွဲပါ ဖြေခွင့်ရမယ့် Grade12 Program အွန်လိုင်းပညာရေးဆွေးနွေးပွဲကို နိုဝင်ဘာ ၄ ရက် နံနက် ၁၀ နာရီမှ ၁၂ နာရီအထိ Zoom နဲ့ ကျင်းပသွားမယ်လို့ Crown Education မှ သိရပါတယ်။

၂ဝ၂ဝ အတွင်း စစ်ဆေးပေးမယ့် iGCSE စာမေးပွဲတွေ cancel ဖြစ်သွားလို့ (တချို့ Subject အတွဲယူထားကြတဲ့ကျောင်းသူ/သားတွေဆို တစ်နှစ်နီးနီးလောက် ထပ်နောက်ဆုတ်သွားရနိုင်တဲ့အတွက်) iGCSE ဆက်ဖြေသင့်လား ဆိုပြီး ဆုံးဖြတ်ရခက်နေသူတွေ၊ Sec-3, Sec-4 ကျောင်းသူ/သားတွေနဲ့ မိဘတွေအတွက် ပြုလုပ်တာဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ အွန်လိုင်းဆွေးနွေးပွဲမှာ iGCSE ရမှတ် မပါဘဲနဲ့ ကမ္ဘာ့တက္ကသိုလ်အသီးသီးရဲ့ ဝင်ခွင့်လျှောက်ထားပုံ၊ မိဘတွေအနေနဲ့ သားသမီးတွေကို အခု Covid 19 ကာလအတွင်းအွန်လိုင်းက ဆက်လက်သင်ယူဖို့ အားပေးသင့်ပါသလား၊ ယူအက်စ်-ယူကေ-ကနေဒါ-စင်္ကာပူ-သြစတြေးလျတက္ကသိုလ်တွေကို ကုန်ကျစရိတ်အနည်းဆုံးနဲ့ တက်ရောက်ဖို့ ဘယ်လိုပြင်ဆင်လျှောက်ထားကြမလဲ၊ iGCSE စာမေးပွဲတွေ ရွှေ့ဆိုင်းသွားတဲ့အတွက် ဘယ်နိုင်ငံမှာ ပညာဆက်သင်ရမယ်ဆိုတာ ဆုံးဖြတ်ရခက်နေလား၊ ‘A’Level မဖြစ်မနေ ဆက်ပြင်ထားဖို့လိုမလား အစရှိတာတွေကို ဆွေးနွေးပေးသွားမှာ ဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ http://bit.ly/crowngrade12 မှာ စာရင်းပေးသွင်း တက်ရောက်နိုင်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««