IFRS for Banks and Financial Institutions Course သင်တန်းအတွက် ပြင်ပသင်တန်းသားခေါ်ယူ

မြန်မာနိုင်ငံဘဏ်များအသင်း၊ ဘဏ်သင်တန်းကျောင်းမှ IFRS for Banks and Financial Institutions Course အမှတ်စဉ် ၁ သင်တန်းကို ဖွင်လှစ်သွားမယ်လို့သိရပါတယ်။

သင်တန်းကာလကတော့ ဖေဖော်ဝါရီ ၃ ရက်မှ မတ် ၂၆ ရက်အထိ ဖြစ်ပြီး သင်တန်းချိန်ကတော့ နံနက် ၇ နာရီမှ ၉ နာရီအထိ ဖြစ်ပါတယ်။ သင်တန်းကို ဦးအောင်ဖြိုးမြတ် (Manager of Win Thin Associates and Executive Lectures of Win Thin Academy) ကသင်ကြားပေးမှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေဟာ တက္ကသိုလ်တစ်ခုခုမှ ဘွဲ့ရရှိသူတွေ၊ စာရင်းကိုင်ပညာ အခြေခံရှိသူတွေ ဖြစ်ရမှာဖြစ်ပါတယ်။ သင်တန်းကို ဇန်နဝါရီ ၂၈ ရက်နောက်ဆုံးထား လျှောက်ထားရမှာဖြစ်ပါတယ်။ အသေးစိတ်ကို မြန်မာနိုင်ငံဘဏ်သင်တန်းကျောင်း၊ အမှတ် ၂၊ စည်ပင်လမ်းသစ်၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့ ဖုန်း – ၀၁-၅၄၈၁၄၆၊ ၈၆၀၅၅၄၃ ကို ဆက်သွယ် မေးမြန်းစုံစမ်းနိုင်ပါတယ်။

-သန္တာ