iflix က ဗီဒီယိုဖိုင်တွေကို download ဘယ်လိုလုပ်မလဲ

iflix က ဗီဒီယိုဖိုင်တွေကို offline ကြည့်ချင်သူတွေအတွက် ဗီဒီယိုဖိုင်တွေကို download ပြုလုပ်ပုံနည်းလမ်းကို ဖော်ပြလိုက်ပါတယ်။ iflix က ဗီဒီယိုဖိုင်တွေကို download လုပ်ဖို့အတွက် iflix app ကို မိုဘိုင်းဖုန်း ဒါမှမဟုတ် tablet မှာ ထည့်သွင်းထားရပါမယ်။ iflix app တွေကို Android အတွက်ဆိုရင် ဒီနေရာကနေ ရယူပါ။ iOS အတွက်ဆိုရင် ဒီနေရာကနေ ယူနိုင်ပါတယ်။

App ကို download လုပ်ပြီး install လုပ်ပြီးပြီဆိုရင် app ကိုဖွင့်ပါ။ iflix account ကို ထည့်သွင်းရပါမယ်။ ပထမဆုံး စတင်သုံးစွဲမယ့်သူတွေအတွက် ရက် ၃၀ အခမဲ့ ကြည့်ရှုခွင့်ပေးထားပါတယ်။ ကြည့်ချင်တဲ့ ဗီဒီယိုဇာတ်ကားကို နှိပ်ပါ။

ဇာတ်လမ်းတွဲများဆိုရင် အောက်ဘက်ကို နည်းနည်းဆင်းလိုက်ရင် အပိုင်းအလိုက်ကို ခွဲပေးထားပါတယ်။ Play button နဲ့ download button ကို တွေ့ရပါလိမ့်မယ်။

Download button ကို နှိပ်ပြီးရင် download လုပ်ချင်တဲ့ ရုပ်ထွက်အရည်အသွေးကို ရွေးပါ။ WiFi မသုံးဘဲ download လုပ်မယ်ဆိုရင် အောက်ဆုံးက Allow downloads over mobile network ဆိုတဲ့ ခလုတ်ကို ဖွင့်ပေးရပါမယ်။

Download လုပ်တဲ့ ဗီဒီယိုဖိုင်ကို ကြည့်ဖို့အတွက် iflix app ရဲ့ home screen နေရာကို ပြန်ထွက်ပါ။ ညာဘက်ထောင့်အပေါ်နားမှာရှိတဲ့ ကန့်လန့်ဖြတ် လိုင်းသုံးကြောင်းကို နှိပ်ပြီး My Downloads ဆိုတာကို ရွေးပေးရပါမယ်။

Download လုပ်နေတဲ့ ဗီဒီယိုဖိုင်ကို My Downloads ဆိုတဲ့အောက်မှာတွေ့ရမှာဖြစ်ပါတယ်။ Download လုပ်ပြီးပြီဆိုရင် အဲ့ဒီ ဗီဒီယိုဇာတ်ကားတွေကို My Downloads အောက်ကနေ offline အနေနဲ့ ကြည့်နိုင်ပါပြီ။