IFA 2020 ပွဲမှာ သက်ကြီးရွယ်အိုတွေ အတွက် ဒီဇိုင်းထုတ်ထားတဲ့ စမတ်နာရီကို TCL ပြသ

နှစ်စဉ်ပြုလုပ်နေကျ IFA ပွဲကတော့ စတင်နေပြီ ဖြစ်ပါတယ်။ ဘာလင်မှာ ပြုလုပ်တဲ့ IFA ပွဲဟာ ကပ်ရောဂါကြောင့် ပုံမှန်ပြုလုပ်သလို မဟုတ်ပေမယ့် ပုံစံအသစ်နဲ့ ပြုလုပ်သွားမယ်လို့ ကြေညာထားခဲ့ပါတယ်။

IFA 2020 ပွဲမှာတော့ TCL ကတော့ tablet အသစ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် စမတ်နာရီတစ်မျိုးကို မိတ်ဆက်သွားပါတယ်။ ဒါ့အပြင် AirPods Pro စတိုင် နားကြပ်ကိုလည်း ပြသခဲ့ပါတယ်။ IFA 2020 ပွဲအများစုကို ဒီဂျစ်တယ်ကနေ အဓိက ပြုလုပ်သွားပါမယ်။

TCL က လိပ်ထားနိုင်တဲ့ “waterfall” ဖုန်း display နဲ့ ရုပ်ရှင်ဆန်တဲ့ အတွေ့အကြုံပေးစွမ်းမယ့် Project Archery ဝတ်ဆင်နိုင်တဲ့ display အကြောင်းလည်း ပြောခဲ့ပါတယ်။

10 TabMax and 10 TabMid

တရုတ်ကုမ္ပဏီ TCL ဟာ Android 10 ထောက်ပံ့မှုပါဝင်တဲ့ ထုတ်ကုန်တွေကို မိတ်ဆက်လိုက်ပါတယ်။ TC 10 TabMax မှာ မျက်နှာပြင် ၁၀.၃၆ လက်မ ပါဝင်ပြီး ကျောဘက်ကင်မရာ 13-megapixel နဲ့ ရှေ့ကင်မရာ 8-megapixel အပြင် ဘက်ထရီ 8,000mAh ပါဝင်လာပါတယ်။ TCL 10 TabMax 4G မော်ဒယ်ကတော့ ဒေါ်လာ ၃၅၀ နဲ့ Wi-Fi မော်ဒယ်ကတော့ ယူရို ၂၄၉ ကျသင့်ပါမယ်။

မျက်နှာပြင် ၈ လက်မအရွယ် TCL 10 TabMid မှာတော့ ရုပ်ထွက်အရည်အသွေး 1,920x 1,200 pixel ပါဝင်လာပါတယ်။ ကျောဘက်ကင်မရာကတော့ 8-megapixel နဲ့ ရှေ့ကင်မရာ 5-megapixel အပြင် ဘက်ထရီ 5,500mAh ပါဝင်လာပါတယ်။ Wi-Fi နဲ့ 4G မော်ဒယ် ၂ မျိုး ထုတ်လုပ်ထားပြီး ယူရို ၂၂၉ နဲ့ စတင် ရောင်းချပါမယ်။၂၀၂၀ စတုတ္ထသုံးလပတ်မှပဲ စတင်ရောင်းချမှာ ဖြစ်ပြီး TCL ရဲ့ NXTVision နည်းပညာ ပါဝင်တဲ့အတွက် မျက်လုံး သက်သာပါတယ်။

Movetime Family Watch MT43A

TCL ရဲ့ စမတ်နာရီသစ် Movetime Family Watch MT43A ကတော့ သက်ကြီးရွယ်အိုတွေအတွက် ထုတ်လုပ်ထားပါတယ်။ စမတ်နာရီမှာ hands-free နည်းလမ်း ၂ မျိုးနဲ့ ဖုန်းခေါ်ဆိုမှု၊ ချော်လဲတာကို သိရှိမယ့် လုပ်ဆောင်ချက်၊ နှလုံးခုန်နှုန်း တိုင်းတာမှုနဲ့ ဆေးသောက်ဖို့ သတိပေးတာ စတဲ့ လုပ်ဆောင်ချက်တွေ ပါဝင်လာပါတယ်။ 4G ချိတ်ဆက်မှု အသုံးပြုထားတဲ့အတွက် ဖုန်းခေါ်တာ message ပို့တာနဲ့ အရေးပေါ် ဖုန်းခေါ်ဆိုမှုကိုလည်း လုပ်နိုင်ပါတယ်။
အနက်နဲ့ မီးခိုး အရောင်၂ မျိုး ထုတ်လုပ်ထားပြီး ၄၁ မီလီမီတာနဲ့ ၄၈.၅ မီလီမီတာ AMOLED touch display နဲ့ သက်ကြီးရွယ်အိုအတွက် ပိုမို ကြီးမားတဲ့ icon၊ နာရီမျက်နှာပြင်နဲ့ ရုပ်ထွက်ပိုင်းတွေ ပါဝင်လာပါတယ်။ ဈေးနှုန်းကတော့ ယူရို၂၂၉ ကျသင့်ပါမယ်။

Moveaudio S200 True Wireless headphones

Moveaudio S200 True Wireless နားကြပ်တွေမှာ အီလက်ထရောနစ် ဆူညံသံလျှော့ချတဲ့ စနစ်ကို အသုံးပြုထားပြီး နောက်ခံအသံတွေကို လျှော့ချပေးကာ ဖုန်းပြောတဲ့အခါ အသံကြည်လင်ဖို့ မိုက် ၄ ခုအထိ အသုံးပြုထားပါတယ်။ အားတစ်ခါသွင်းရင် ၃ နာရီခွဲအထိ အသုံးပြုထားကာ charging case နဲ့ဆိုရင် ၂၃ နာရီ အထိ အသုံးပြုနိုင်ပါတယ်။

နားကြပ်ကို အနက်၊ အဖြူ ဒါမှမဟုတ် စစ်စလီအပြာ ထုတ်လုပ်ထားပါတယ်။ စက်တင်ဘာလအကုန်မှာ ၉၉ ယူရိုနဲ့ ရောင်းချသွားမယ်လို့ သိရပါတယ်။

KEY SPECS: TCL 10 TABMID VS. 10 TABMAX

TCL 10 TabMid TCL 10 TabMax
Display size, resolution 8-inch; 1,920×1,200 pixels 10.36-inch; FHD Plus: 2,000×1,200 pixels
Weight 325 grams TBC
Dimensions (Millimeters) 209.4×125.2×8.55mm 247.8×157.56×7.65mm
Mobile software Android 10 Android 10
Camera 8-megapixel 13-megapixel
Front-facing camera 5-megapixel 8-megapixel
Processor Snapdragon 665 Mali-G72 MP3 800MHz; octa-core (4x Cortex-A73 2GHz, 4x Cortex-A53 2GHz)
Storage 64GB 64GB
RAM 4GB 4GB
Expandable storage Yes, up to 256GB (microSD card) Yes, up to 256GB (microSD card)
Battery 5,500 mAh 8,000 mAh

-စိုးထက်
Ref: CNET

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««