IFA ပွဲမတိုင်မီ LG ရဲ့ထုတ်ကုန်အမည်တွေကို မိတ်ဆက်

[ Zawgyi ]






စိုးထက်
Ref: GSMArena

[ Unicode ]

LG G8 ကိုမိတ်ဆက်အပြီး လအတော်ကြာမှာ LG G8S ThinQ ကိုဖြန့်ချိခဲ့ပါတယ်။ G8S ThinQ ကို ဝိတ်အနည်းငယ်လျှော့ထားပါတယ်။ G8S ကတော့ မျက်နှာပြင် ၆.၂ လက်မအရွယ် ဖြစ်ပါတယ်။ စတီရီယိုစပီကာတွေ၊ ဘက်ထရီအားသွင်းမှု ထောက်ပံ့မှုတွေ ပါဝင်လာပါတယ်။ LG V30S ကတော့ V30 ထက် အဆင့်မြင့်ပါတယ်။

S အမည်ကတော့ အဆင့်မြှင့်တင်မှုလို့ ပြောလို့မရသလို ဝိတ်လျှော့တဲ့ ထုတ်ကုန်လည်း မဟုတ်ပါဘူး။ ဒါပေမဲ့ LG ကတော့ LG V60S နဲ့ LG K50S ကိုဖြန့်ချိဖို့ရှိပါတယ်။

ဒီနှစ် IFA ပွဲကို LG V60 မှာ မိတ်ဆက်မှာဖြစ်ပါတယ်။ အဲဒီဖုန်းမှာ မျက်နှာပြင် ၂ ခု ပါဝင်ပါလာတယ်။ LG V60 ဟာ V50 ကိုအဆင့်မြှင့်တင်ထားတာ ဖြစ်ပြီး အသေးစိတ်တော့ မသိရသေးပါဘူး။ LG V60S ကတော့ အဲဒီထုတ်ကုန်ကြားထဲမှာ ရှိပါတယ်။

LG K50 ကတော့ ဈေးနှုန်းချိုသာတဲ့ ဖုန်းဖြစ်သလို အသေးစိတ်တော့ မသိရသေးပါဘူး။ K50S မှာတော့ အဆင့်မြှင့်တင်ထားတဲ့ အရာတချို့ပါဝင်လာနိုင်ပါတယ်။

LG G8X ကလည်း စိတ်ဝင်စားစရာကောင်းတဲ့ စမတ်ဖုန်းဖြစ်ပြီး IFA ပွဲမှာ မိတ်ဆက်နိုင်ပါတယ်။ X ကတော့ LG ရဲ့ 4G ဖုန်းစီးရီးဖြစ်လာနိုင်ပါတယ်။

Ref: GSMArena