
‘Understanding IELTS: Listening’ အခမဲ့ အွန်လိုင်းသင်တန်းကို ဧပြီ ၂၇ ရက်မှာ စတင်သွားမယ်လို့ သိရပါတယ်။
အခမဲ့ အွန်လိုင်းသင်တန်းမှာ IELTS listening ဖြေဆိုရာတွင် အမှတ်ကောင်းကောင်းရဖို့အတွက် အဓိကထား သင်ကြားပေးမှာဖြစ်ပြီး စာမေးပွဲပုံစံနဲ့ မေးခွန်းအမျိုးမျိုးကို ဖြေဆိုတတ်ဖို့ လိုအပ်တဲ့ လေ့လာနည်းဗျူဟာများ အစရှိတာတွေကို ဒီသင်တန်းမှာ သင်ယူနိုင်မှာဖြစ်ပါတယ်။
ဧပြီ ၂၇ ရက်မှာ သင်တန်းစတင်မှာဖြစ်ပြီး တက်ရောက်လိုသူတွေဟာ ဒီနေရာမှာ စာရင်းပေးသွင်းရမှာဖြစ်ပါတယ်။
သင်တန်းကို ဗြိတိသျှကောင်စီမြန်မာမှ စီစဉ်ခြင်းမဟုတ်တဲ့အတွက် သင်တန်းနဲ့ပတ်သက်ပြီး အမေးများတဲ့မေးခွန်းများ(FAQ) ကို ဒီနေရာမှာ တိုက်ရိုက်ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
-သန္တာ