IELTS Foundation & Preparation သင်တန်းကို MRI Online စနစ်ဖြင့်သင်ကြားပို့ချမည်

နေပြည်တော်ကောင်စီနယ်မြေတွင်းရှိ သပြေကုန်းရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ROP ( Republic of Professional) မှ IELTS Foundation & Preparation သင်တန်းကို MRI Online စနစ်နဲ့ ဖေဖော်ဝါရီ ၂၀ ရက်မှာ စတင်ပို့ချသွားမှာဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းမှာ IELTS စာမေးပွဲအတွက် အခြေခံလိုအပ်ချက်များကို ပြင်ပစာသင်ခန်းတွင်း လေ့လာသင်ယူခြင်းနဲ့ ကွာခြင်းမှုသိပ်မရှိစေဖို့ Zoom Application နဲ့ Interactive TV, HD Camera များ အသုံးပြုကာ စာသင်ချိန် ၆၀ ရာခိုင်နှုန်းခန့်ကို တိုက်ရိုက် (Interactive) သင်ကြားပေးမှ ဖြစ်တယ်လို့ သိရပါတယ်။ အတွေ့အကြုံရှိ ကျောင်းသား ကျောင်းသူဟောင်းများ နဲ့ ဆရာ၊ဆရာမများက အင်္ဂလိပ်လို သွက်လက်ပြီး ပွင့်လင်းစွာ ပြောတတ်အောင် အနီးကပ်ကူညီပေးခြင်း၊ အရေးကြီး သင်ခန်းစာ အများစုအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ ဗီဒီယိုဖိုင်များကို ဝေငှပေးခြင်း၊ တိုက်ရိုက် Live သင်နေတဲ့အချိန်မှာ အင်တာနက်လိုင်း အဆင်မပြေဖြစ်တတ်သူများ အတွက် တိုက်ရိုက်သင်တဲ့ သင်ခန်းစာအများစုကို ဗီဒီယိုဖိုင် ပြန်လည်မျှဝေပေးခြင်း စတာတွေပါဝင်မှာ ဖြစ်ပါတယ်။

သင်တန်းကြေး ၇၀,၀၀၀ ကျပ် ဖြစ်ပါတယ်။ သင်တန်းကို ဖေဖော်ဝါရီ ၂၀ ရက်မှာ စတင်မှာဖြစ်ပြီး စနေ တနင်္ဂနွေ နံနက် ၁၀ နာရီမှ မွန်းတည့် ၁၂ နာရီအထိ ဖြစ်ပြီး စုစုပေါင်း ၃၂ နာရီ သင်ကြားပေးမှာ ဖြစ်ပါတယ်။ အသေးစိတ်သိရှိလိုပါက ROP (နေပြည်တော်သပြေကုန်း) ဖုန်း – ၀၉ ၇၇၉ ၉၇၇ ၈၃၂ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««