IELTS စာေမးပြဲ ေျဖဆုိသူ သံုးသန္းခန္႔ရွိခဲ့ၿပီးျဖစ္

[ Zawgyi ]

ႏုိင္ငံတကာဆုိင္ရာ အဂၤလိပ္စာ အရည္အခ်င္းစစ္ စာေမးပြဲတစ္ခုျဖစ္တဲ့ IELTS စာေမးပြဲဟာ ၂၀၁၇ ခုႏွစ္မွာပင္ ေျဖဆုိသူ သံုးသန္းခန္႔ရွိခဲ့ၿပီး ျဖစ္တယ္လုိ႔ သိရပါတယ္။

” ႏုိင္ငံတကာဆုိင္ရာ အဂၤလိပ္စာအရည္အခ်င္းစစ္ စာေမးပြဲတစ္ခုျဖစ္တဲ့ IELTS စာေမးပြဲဟာ ႏွစ္စဥ္လူႀကိဳက္မ်ားလားခဲ့ၿပီး ၂၀၁၇ ခုႏွစ္မွာပဲ စာေမးပြဲေျဖဆုိသူ ၃ သန္းခန္႔ရွိခဲ့ၿပီး ျဖစ္ပါတယ္။ ကမၻာတစ္ဝွမ္းမွာရွိတဲ့ တကၠသိုလ္ေတြ၊ အလုပ္ရွင္ေတြနဲ႔ လူဝင္မႈႀကီးၾကပ္ေရး အာဏာပိုင္ေတြ အပါအဝင္ အဖြဲ႕အစည္းေပါင္း ၁၀,၀၀၀ ေက်ာ္က လက္ခံ အသိအမွတ္ျပဳပါတယ္ ” လုိ႔ ၿဗိတိသွ်ေကာင္စီ ျမန္မာမွ Country Director Richard Sundeland ကေျပာၾကားခဲ့ပါတယ္။

ျမန္မာႏုိင္ငံမွ ေက်ာင္းသားေတြ ႏုိင္ငံရပ္ျခားမွာ ပညာဆက္လက္ ဆည္းပူးရန္ အတြက္ IELTS ပညာသင္ဆုကိုလည္း ၂၀၁၁ ခုႏွစ္မွ စတင္ေပးအပ္ခဲ့ၿပီး ယခုအခ်ိန္ထိ အေရွ႕အာရွေဒသအတြင္းမွ ေက်ာင္းသားေပါင္း ၂၀၆ ဦးကို ေထာက္ပံ့ေပးခဲ့တာျဖစ္ပါတယ္။

IELTS ေျဖဆုိလုိသူေတြအတြက္ ၿဗိတိသွ်ေကာင္စီမွ Road To IELTS အပါအ၀င္ အထူးစီမံထားတဲ့ အြန္လုိင္းေလ့က်င့္ေရး သင္ခန္းစာ အစီအစဥ္ေတြကို စာေမးပြဲေျဖဆိုရန္ စာရင္းသြင္းၿပီးတာနဲ႔ အသံုးျပဳႏုိင္ရန္ ပံ့ပိုးေပးၿပီး အျခားေသာ ေလ့က်င့္ျပင္ဆင္ေရး အေထာက္အကူေတြကိုလည္း ပ့ံပိုးေပးလ်က္ရွိေၾကာင္း သိရပါတယ္။

-သႏၲာ

[ Unicode ]

နိုင်ငံတကာဆိုင်ရာ အင်္ဂလိပ်စာ အရည်အချင်းစစ် စာမေးပွဲတစ်ခုဖြစ်တဲ့ IELTS စာမေးပွဲဟာ ၂၀၁၇ ခုနှစ်မှာပင် ဖြေဆိုသူ သုံးသန်းခန့်ရှိခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။

” နိုင်ငံတကာဆိုင်ရာ အင်္ဂလိပ်စာအရည်အချင်းစစ် စာမေးပွဲတစ်ခုဖြစ်တဲ့ IELTS စာမေးပွဲဟာ နှစ်စဉ်လူကြိုက်များလားခဲ့ပြီး ၂၀၁၇ ခုနှစ်မှာပဲ စာမေးပွဲဖြေဆိုသူ ၃ သန်းခန့်ရှိခဲ့ပြီး ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ တက္ကသိုလ်တွေ၊ အလုပ်ရှင်တွေနဲ့ လူဝင်မှုကြီးကြပ်ရေး အာဏာပိုင်တွေ အပါအဝင် အဖွဲ့အစည်းပေါင်း ၁၀,၀၀၀ ကျော်က လက်ခံ အသိအမှတ်ပြုပါတယ် ” လို့ ဗြိတိသျှကောင်စီ မြန်မာမှ Country Director Richard Sundeland ကပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှ ကျောင်းသားတွေ နိုင်ငံရပ်ခြားမှာ ပညာဆက်လက် ဆည်းပူးရန် အတွက် IELTS ပညာသင်ဆုကိုလည်း ၂၀၁၁ ခုနှစ်မှ စတင်ပေးအပ်ခဲ့ပြီး ယခုအချိန်ထိ အရှေ့အာရှဒေသအတွင်းမှ ကျောင်းသားပေါင်း ၂၀၆ ဦးကို ထောက်ပံ့ပေးခဲ့တာဖြစ်ပါတယ်။

IELTS ဖြေဆိုလိုသူတွေအတွက် ဗြိတိသျှကောင်စီမှ Road To IELTS အပါအဝင် အထူးစီမံထားတဲ့ အွန်လိုင်းလေ့ကျင့်ရေး သင်ခန်းစာ အစီအစဉ်တွေကို စာမေးပွဲဖြေဆိုရန် စာရင်းသွင်းပြီးတာနဲ့ အသုံးပြုနိုင်ရန် ပံ့ပိုးပေးပြီး အခြားသော လေ့ကျင့်ပြင်ဆင်ရေး အထောက်အကူတွေကိုလည်း ပ့ံပိုးပေးလျက်ရှိကြောင်း သိရပါတယ်။

-သန္တာ