IELTS စာမေးပွဲအတွက် Speaking & Writing သီးသန့်သင်တန်းဖွင့်မည်

IELTS စာမေးပွဲအတွက် Speaking & Writing ကို သီးသန့်လေ့လာလိုတဲ့ နေပြည်တော်ရှိ သင်တန်းသားတွေ အတွက် သြဂုတ် ၈ ရက်မှာ သင်တန်းစတင်ဖွင့်လှစ်မှာ ဖြစ်ပြီး တက်ရောက်လိုသူတွေ အနေနဲ့ ကြိုတင်စာရင်းပေးသွင်းနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကာလကတော့ သြဂုတ် ၈ ရက်မှ အောက်တိုဘာ ၄ ရက်အထိ ဖြစ်ပြီး စနေနဲ့ တနင်္ဂနွေ နေ့တွေမှာ ညနေ ၄ နာရီမှ ၆ နာရီအထိ သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။ သင်တန်းချိန် စုစုပေါင်း နာရီပေါင်း ၃၂ နာရီ ဖြစ်ပါတယ်။ သင်တန်းကြေးကတော့ ၈၅,၀၀၀ ကျပ် ဖြစ်ပြီး သင်တန်းသားဦးရေ ၁၅ ဦးသာ ကန့်သတ်သင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

IELTS Speaking & Writing သင်တန်းမှာ IELTS စာမေးပွဲအတွက် ဖြေဆိုရတဲ့ 4 Skills မှ Speaking နဲ့ Writing ကိုသာ သီးသန့် အထူးပြုလေ့ကျင့်ရမှာ ဖြစ်ပါတယ်။ နည်းဗျူဟာများကို လေ့လာခြင်း ၊ တစ်ဦးချင်း နှင့် အဖွဲ့လိုက် လေ့ကျင့်ခြင်း ၊ မေးခွန်းဟောင်းများကို စာမေးပွဲပုံစံအတိုင်း အချိန်ကိုက် လေ့ကျင့်ခြင်းး စတာတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ သင်တန်းမတက်ခင် ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လိုအပ်ပြီး စာမေးပွဲအောင်မြင်သူတွေကိုသာ သင်တန်း တက်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဝင်ခွင့်အတွက် အွန်လိုင်းမှ ဖြေဆိုနိုင်သလို သင်တန်းသို့ သွားရောက်ဖြေဆိုနိုင်မှာလည်း ဖြစ်ပါတယ်။ ဝင်ခွင့်ဖြေဆိုမှုအတွက် ငွေကြေး မကောက်ခံဘူးလို့ သိရပါတယ်။
တက်ရောက်လိုပါက နေပြည်တော် သပြေကုန်း ROP သင်တန်းကျောင်း ဖုန်း – ၀၉၄၂၄၆၈၄၄၄၅ နဲ့ ၀၉၇၇၉၉၇၇၈၃၂ ကို ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ