IELTS စာမေးပွဲအတွက် Speaking & Writing သင်တန်းဖွင့်လှစ်မည်

နေပြည်တော်ကောင်စီနယ်မြေ အတွင်းရှိ သပြေကုန်းရပ်ကွက်မှာ ဖွင့်လှစ်ထားတဲ့ ROP ( Republic of Professional) မှ IELTS စာမေးပွဲအတွက် Speaking & Writing သင်တန်း အမှတ်စဉ် (၁၈) ကို သြဂုတ် ၆ ရက်မှာ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။

သင်တန်းမတက်ခင် ဝင်ခွင့်စာမေးပွဲဖြေဆိုရန် လိုအပ်ပြီး စာမေးပွဲအောင်မြင်သူတွေကိုသာ အတန်း တက်ရောက်ခွင့်ပြုမှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်လိုပါက ကြိုတင် ဖုန်းဆက်ချိန်းဆိုပြီး ဝင်ခွင့်စာမေးပွဲ (သောကြာနေ့မှလွဲ၍) နေ့စဉ် နံနက် ၁၀ နာရီမှ ည ၆ နာရီအတွင်း လာရောက်ဖြေဆိုရမှာ ဖြစ်ပါတယ်။ ဖြေဆိုချိန် မိနစ် ၂၀ မှ ၃၀ ခန့်အထိ ကြာနိုင်ပြီး ဝင်ခွင့်စာမေးပွဲအတွက် ဖြေဆိုခပေးရန် မလိုကြောင်း သိရပါတယ်။ အွန်လိုင်းမှ ဖြေဆိုလိုသူတွေအနေနဲ့ “Why travelling is crucial” သို့မဟုတ် “My goals in life” ခေါင်းစဉ်နဲ့ Essay တစ်ပုဒ်ကိုယ်တိုင်ရေးပြီး ROP Page သို့ Message ပို့ပေးနိုင်ကြောင်း သိရပါတယ်။

သင်တန်းမှာ စာမေးပွဲအတွက် အဓိကထား သင်ကြားပြီး လိုအပ်တဲ့ Assignment / Group Discussion / Presentation တွေကိုပါ လုပ်ရတဲ့အတွက် အမှန်တကယ် ကြိုးစားချင်သူများအတွက်သာ သင့်တော်တဲ့ သင်တန်းဖြစ်တယ်လို့ သိရပါတယ်။ သင်တန်းကြေး ၈၅,၀၀၀ ကျပ်ဖြစ်ပြီး တန်းခွဲတစ်ခုမှာ ၁၅ ဦးသာ သင်ကြားပေးမှာဖြစ်ပါတယ်။ သင်တန်းကို သြဂုတ် ၆ ရက်တွင် စတင်မှာဖြစ်ပြီး စနေ၊ တနင်္ဂနွေ ညနေ ၄ နာရီ မှ ၆ နာရီအထိ ဖြစ်ပြီး စုစုပေါင်း ၃၂ နာရီ သင်ကြားပေးမှာဖြစ်ပါတယ်။။ အသေးစိတ်သိရှိလိုပါက ROP (နေပြည်တော်သပြေကုန်း) ဖုန်း – ၀၉ ၇၇၉ ၉၇၇ ၈၃၂ သို့ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

-ကျော်ဇေယျ