၂၀၁၈ ခုႏွစ္ အာဆီယံ ICT ၿပိဳင္ပြဲ ဖိတ္ေခ:

[ Zawgyi ]

၂၀၁၈ ခုႏွစ္ အာဆီယံ ICT ၿပိဳင္ပြဲကို လုပ္ငန္းရွင္ေတြ ပါဝင္ယွဥ္ၿပိဳင္ဖို႔ ဖိတ္ေခၚထားပါတယ္။

ၿပိဳင္ပြဲအမ်ိဳးအစားအားေခါင္းစဥ္ (၆) ခုနဲ႔ သတ္မွတ္ထားၿပီး အဲဒါေတြကေတာ့ Public Sector, Private Sector, Corporate Social Responsibility, Digital Content, Startup Company နဲ႔ Research and Development တို႔ျဖစ္ေၾကာင္း သိရပါတယ္။ ၿပိဳင္ပြဲအမ်ိဳးအစား (၆) မ်ိဳးအတြက္ တစ္မ်ိဳးခ်င္းစီမွာ ပထမ၊ ဒုတိယ၊ တတိယဆုေတြ ေပးအပ္မွာျဖစ္ၿပီး ဆုရရွိသူေတြကို ASEAN ICT Awards ဆုတံဆိပ္နဲ႔ အသိအမွတ္ျပဳ လက္မွတ္ေတြ ခ်ီးျမႇင့္မယ္လို႔ သိရပါတယ္။ ဝင္ေရာက္ယွဥ္ၿပိဳင္ လိုသူေတြအေနနဲ႔၂၀၁၈ ခုႏွစ္ ဇူလိုင္လ ၃၁ ရက္ေန႔မွ စတင္ၿပီး ၂၀၁၈ ခုႏွစ္ စက္တင္ဘာလ ၁ ရက္ေန႔အထိ Entry Form နဲ႔ မိမိတို႔ယွဥ္ၿပိဳင္မည့္ အေၾကာင္းအရာကို (၂) မိနစ္မွ (၅) မိနစ္ခန္႔ ဗြီဒီယိုဖိုင္အား .avi format နဲ႔ ျပဳလုပ္ေပးၿပီး [email protected], [email protected], Phone No – 01-652307 ထံသို႔ ေပးပို႔ေလၽွာက္ထားရမယ္လို႔ သိရပါတယ္။

ASEAN ICT Awards 2018 နဲ႔ပတ္သက္ၿပီး အေသးစိတ္အခ်က္အလက္ေတြကို ဒီေနရာမွာ ဝင္ေရာက္ ၾကည့္ရႈႏိုင္တယ္လို႔ သိရပါတယ္။

အာဆီယံေဒသတြင္း ICT နည္းပညာဆိုင္ရာ တီထြင္ဆန္းသစ္ေတြအတြက္ ASEAN ICT Masterplan အရ TELMIN နဲ႔ ASEAN Telecommunication and Information Technology Senior Officials Meeting (TELSOM) ရဲ႕ စီစဥ္ေဆာင္ရြက္မႈေအာက္မွာ ASEAN ICT Awards ၿပိဳင္ပြဲကို ၂၀၁၂ ခုႏွစ္မွ စတင္ၿပီး ႏွစ္စဥ္က်င္းပခဲ့ၿပီး ဒီႏွစ္မွာလည္း TELMIN အစည္းအေဝးအလွည့္က် သဘာပတိအျဖစ္ တာဝန္ယူေဆာင္ရြက္မယ့္ အင္ဒိုနီးရွားႏိုင္ငံမွ ႀကီးမွဳးျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

ဆုရရွိသူေတြကို ASEAN Telecommunication and Information Technology Ministers Meeting (TELMIN) အစည္းအေဝးရဲ႕ ညစာစားပြဲ (Gala Dinner) မွာ အာဆီယံနိုင္ငံေတြရဲ႕ ဆက္သြယ္ေရးႏွင့္ သတင္းအခ်က္အလက္ နည္းပညာဆိုင္ရာ ဝန္ႀကီးေတြက ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရွိသူေတြကို ဆုေပးအပ္ ခ်ီးျမႇင့္မွာျဖစ္ေၾကာင္း၊ troghy (Gold, Silver, Bronze) နဲ႔ Certificate ကို ခ်ီးျမႇင့္ေပးမွာျဖစ္ေၾကာင္း၊ Category တစ္ခုစီအတြက္ ပထမ၊ ဒုတိယ၊ တတိယ ဆုရရွိသူအားလုံးအေနနဲ႔ အင္ဒိုနီးရွားနိုင္ငံမွာ က်င္းပမယ့္ Award Ceremony ကို တက္ေရာက္ဖို႔အတြက္ တစ္ဖြဲ႕လၽွင္ခရီးစရိတ္ USD 1,000 အခ်ိဳးက် ရရွိမွာျဖစ္ေၾကာင္း သိရပါတယ္။

-ထြန္းထြန္း

[ Unicode ]

၂၀၁၈ ခုနှစ် အာဆီယံ ICT ပြိုင်ပွဲကို လုပ်ငန်းရှင်တွေ ပါဝင်ယှဉ်ပြိုင်ဖို့ ဖိတ်ခေါ်ထားပါတယ်။

ပြိုင်ပွဲအမျိုးအစားအားခေါင်းစဉ် (၆) ခုနဲ့ သတ်မှတ်ထားပြီး အဲဒါတွေကတော့ Public Sector, Private Sector, Corporate Social Responsibility, Digital Content, Startup Company နဲ့ Research and Development တို့ဖြစ်ကြောင်း သိရပါတယ်။ ပြိုင်ပွဲအမျိုးအစား (၆) မျိုးအတွက် တစ်မျိုးချင်းစီမှာ ပထမ၊ ဒုတိယ၊ တတိယဆုတွေ ပေးအပ်မှာဖြစ်ပြီး ဆုရရှိသူတွေကို ASEAN ICT Awards ဆုတံဆိပ်နဲ့ အသိအမှတ်ပြု လက်မှတ်တွေ ချီးမြှင့်မယ်လို့ သိရပါတယ်။ ဝင်ရောက်ယှဉ်ပြိုင် လိုသူတွေအနေနဲ့၂၀၁၈ ခုနှစ် ဇူလိုင်လ ၃၁ ရက်နေ့မှ စတင်ပြီး ၂၀၁၈ ခုနှစ် စက်တင်ဘာလ ၁ ရက်နေ့အထိ Entry Form နဲ့ မိမိတို့ယှဉ်ပြိုင်မည့် အကြောင်းအရာကို (၂) မိနစ်မှ (၅) မိနစ်ခန့် ဗွီဒီယိုဖိုင်အား .avi format နဲ့ ပြုလုပ်ပေးပြီး [email protected], [email protected], Phone No – 01-652307 ထံသို့ ပေးပို့လျှောက်ထားရမယ်လို့ သိရပါတယ်။

ASEAN ICT Awards 2018 နဲ့ပတ်သက်ပြီး အသေးစိတ်အချက်အလက်တွေကို ဒီနေရာမှာ ဝင်ရောက် ကြည့်ရှုနိုင်တယ်လို့ သိရပါတယ်။

အာဆီယံဒေသတွင်း ICT နည်းပညာဆိုင်ရာ တီထွင်ဆန်းသစ်တွေအတွက် ASEAN ICT Masterplan အရ TELMIN နဲ့ ASEAN Telecommunication and Information Technology Senior Officials Meeting (TELSOM) ရဲ့ စီစဉ်ဆောင်ရွက်မှုအောက်မှာ ASEAN ICT Awards ပြိုင်ပွဲကို ၂၀၁၂ ခုနှစ်မှ စတင်ပြီး နှစ်စဉ်ကျင်းပခဲ့ပြီး ဒီနှစ်မှာလည်း TELMIN အစည်းအဝေးအလှည့်ကျ သဘာပတိအဖြစ် တာဝန်ယူဆောင်ရွက်မယ့် အင်ဒိုနီးရှားနိုင်ငံမှ ကြီးမှုးပြုလုပ်သွားမယ်လို့ သိရပါတယ်။

ဆုရရှိသူတွေကို ASEAN Telecommunication and Information Technology Ministers Meeting (TELMIN) အစည်းအဝေးရဲ့ ညစာစားပွဲ (Gala Dinner) မှာ အာဆီယံနိုင်ငံတွေရဲ့ ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဆိုင်ရာ ဝန်ကြီးတွေက ပထမဆု၊ ဒုတိယဆု၊ တတိယဆုရရှိသူတွေကို ဆုပေးအပ် ချီးမြှင့်မှာဖြစ်ကြောင်း၊ troghy (Gold, Silver, Bronze) နဲ့ Certificate ကို ချီးမြှင့်ပေးမှာဖြစ်ကြောင်း၊ Category တစ်ခုစီအတွက် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူအားလုံးအနေနဲ့ အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပမယ့် Award Ceremony ကို တက်ရောက်ဖို့အတွက် တစ်ဖွဲ့လျှင်ခရီးစရိတ် USD 1,000 အချိုးကျ ရရှိမှာဖြစ်ကြောင်း သိရပါတယ်။