ICT Talk Panel Discussion ကို ဒီဇင်ဘာလ ပထမပတ်တွင်ကျင်းပမည်

Business 4.0: Innovate Your Business with AI, Blockchain, IoT & Big Data ခေါင်းစဉ်နဲ့ ICT Talk Panel Discussion ကို ဒီဇင်ဘာ ၇ ရက်၊ MICT Park မှာ ကျင်းပမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ Myanmar 4.0 သို့ချီတက်နေစဉ်ကာလအတွင်း တိုင်းပြည်ရဲ့ ပြည်တွင်းစီးပွားရေးကို အားကောင်း မောင်းသန် ဖြစ်လာစေရန်နဲ့ တိုးတက်ပြောင်းလဲလာတဲ့ ICT နည်းပညာရပ်များကို အသုံးချပြီး အစိုးရ၊ ပုဂ္ဂလိက စီးပွားရေးလုပ်ငန်းများကို အဆင့်မြှင့်တင်ဆောင်ရွက်ရန်အတွက် သတင်းအချက်အလက် နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်နဲ့အတူ ICT ပညာရှင်များ၊ နည်းပညာစီးပွားရေးလုပ်ငန်းရှင်များမှ ဆွေးနွေးပေးသွားမှာဖြပါတယ်။

အခမ်းအနားမှာ Mandalay Technology Co.,ltd ရဲ့ Managing Director ဖြစ်သူ ဦးဇော်နိုင်က Moderator အဖြစ် ဦးဆောင်ဆွေးနွေးမှာဖြစ်ပြီး Panelist အဖြစ် သတင်းအချက်အလက်နည်းပညာတက္ကသိုလ် ပါမောက္ခချုပ်ဖြစ်သူ ဒေါက်တာစောစန္ဒာအေး၊ ရန်ကုန်တိုင်းကွန်ပျူတာပညာရှင်အသင်း ဥက္ကဋ္ဌဖြစ်သူ ဦးအောင်စိုးမိုး၊ Trustlink Co.,ltd ၏ Technical Director ဖြစ်သူ ဦးငွေထွန်းနဲ့ Thanardaw Health Market App ရဲ့ Founder & CEO ဖြစ်သူ ဦးအောင်ကိုကိုသက်တို့က ပါ၀င်ဆွေးနွေးသွားမှာဖြစ်ပါတယ်။

ရန်ကုန်တိုင်းဒေသကြီးကွန်ပျူတာလုပ်ငန်းရှင်အသင်း အနေနဲ့ ရန်ကုန်တိုင်းဒေသကြီး အတွင်း ICT လုပ်ငန်းနှင့် နည်းပညာများဖွံ့ဖြိုးတိုးတက်စေရန်နဲ့ ပြည်သူများထံ ICT အသိပညာဗဟုသုတများ ဖြန့်ဝေပေးနိုင်ရန် ရည်ရွယ် လျက် ICT Talk Panel Discussion များကို လေးလလျှင် တစ်ကြိမ် ပုံမှန်ကျင်းပလျက်ရှိတယ်လို့ သိရပါတယ်။

-ဝေဝေ