ICT နဲ့ပက်သတ်၍ အမျိုးသားပညာရေးဥပဒေအရ ဆောင်ရွက်

ICT နဲ့ပတ်သက်လို့ အမျိုးသားပညာရေးဥပဒေအရ ဆောင်ရွက်နေတယ်လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဝင်းမော်ထွန်းက ပြောပါတယ်။

အခြေခံပညာရေးမှာ ICT နည်းပညာတွေသုံးပြီး ပညာရေးအဆင့်မြင့်ဖို့ ဆောင်ရွက်နေကြောင်း ICT ကို ပညာရေး သင်ကြားမှု ထိရောက်စေဖို့ ကွန်ပျူတာ တက္ကသိုလ်တွေမှာ ဆောင်ရွက်နေကြောင်း ဆိုပါတယ်။ “ နည်းပညာတက္ကသိုလ်ပေါင်း ၃၀ ကျော်ရဲ့ ၁၅ ကျောင်းမှာ ICT ပညာရပ်နဲ့ ပတ်သက်ပြီးတော့ သင်ပေးနေပါတယ်” လို့ပြောကြားပါတယ်။ တစ်နှစ်ကို ကွန်ပျုတာ တက္ကသိုလ်ကျောင်းဆင်း ၆၈၀၀၀ ကျော်ရှိပြီး Phd Level ၄၀၀ နီးပါး ပါဝင်ကြောင်း သိရပါတယ်။

အဲဒီအရေအတွက်ဟာ လူ့စွမ်းအားအရင်းအမြစ်အရ နည်းတဲ့အနေအထား မဟုတ်ကြောင်း လုပ်ငန်းခွင်ဝင်ရောက်မှု အနေအထားအရလည်း မနည်းကြောင်း ဆိုပါတယ်။ “ကျောင်းတွေကနေ tracking လုပ်တဲ့ စနစ်အရ ကျောင်းဆင်းပြီးသွားတဲ့သူတွေထဲမှာ အလုပ်လက်မဲ့ အနေအထားက နည်းပါတယ်” လို့ ဆက်လက်ပြောကြားပါတယ်။ လုပ်ငန်းခွင်မှာ နှစ်ပိုင်းရှိပြီး အစိုးရနဲ့ပုဂ္ဂလိကဖြစ်ကြောင်း အစိုးရပိုင်းဆိုင်ရာမှာတော့ လုပ်ငန်းခွင်အတွင်း ခန့်ထားနိုင်မှုနည်းတယ်လို့

သိရပါတယ်။
ICT industry မှာ ကျောင်းကသင်လိုက်တဲ့ အရာတွေနဲ့ အံဝင်ဂွင်ကျဖြစ်ဖို့တော့ လိုအပ်နေသေးကြောင်းလည်း သိရပါတယ်။

-ထွန်းထွန်း