ICT နည္းပညာရပ္မ်ား သင္ၾကားႏိုင္ရန္အတြက္ ေရြ႕လ်ားဘတ္စ္ကား လႊဲေျပာင္းေပးအပ္ျခင္း အခမ္းအနားက်င္းပ

[Zawgyi]

Samsung Myanmar နဲ႔ ျမန္မာေရြ႕လ်ားပညာသင္ၾကားေရး (myME) တို႔လက္တြဲကာ ICT နည္းပညာရပ္မ်ား သင္ၾကားႏိုင္ရန္အတြက္ ျပင္ဆင္မြမ္းမံထားတဲ့ ေရြ႕လ်ားဘတ္စ္ကား လႊဲေျပာင္းေပးအပ္ျခင္း အခမ္းအနားကို ဇူလုိင္လ ၃၁ ရက္က Samsung Iconic Service Plaza မွာက်င္းပျပဳလုပ္ခဲ့ပါတယ္။

ေလးႏွစ္ေျမာက္ပံ့ပိုးမႈအျဖစ္ Samsung Myanmar မွ လွဴဒါန္းထားတဲ့ ျပင္ဆင္မြမ္းမံထားတဲ့ ေရြ႕လ်ားဘတ္စ္ကားဟာ ကြန္ပ်ဴတာအေျခခံ၊ အင္တာနက္နဲ႔ Social Media အသုံးျပဳျခင္း စတဲ့ သင္တန္းေတြကို Pre-Level II နဲ႔ Level II Course အတြက္ သင္ၾကားေပးသြားမယ္လုိ႔ သိရပါတယ္။ ယခုသင္တန္းမွ ရန္ကုန္ၿမိဳ႕အတြင္းရွိ ၿမိဳ႕နယ္မ်ားျဖစ္တဲ့ ရန္ကင္းၿမိဳ႕နယ္ရွိ SoyAi Youth Center မွ လူငယ္ ၂၅ ဦး၊ myME သင္တန္းႏွစ္ခု တည္ရွိရာ ေရႊျပည္သာၿမိဳ႕နယ္မွ ၂၁ ဦး၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္မွ ၁၂ ဦး၊ ေျမာက္ ဒဂုံၿမိဳ႕နယ္ ၃၂ ရပ္ကြက္မွ ၁၂ ဦး၊ သာေကတၿမိဳ႕နယ္မွ ၄၅ ဦး စုစုေပါင္း ၁၂၁ ဦးတို႔ကို အပတ္စဥ္သင္ၾကားေပး သြားမွာျဖစ္ၿပီး တစ္လလွ်င္ ၄၈၄ ဦး၊ တစ္ႏွစ္လွ်င္ ၅၈၀၈ ဦးတို႔ကို သြားေရာက္သင္ၾကားေပးသြားမယ္လို႔ သိရပါ တယ္။

[Unicode]

Samsung Myanmar နဲ့ မြန်မာရွေ့လျားပညာသင်ကြားရေး (myME) တို့လက်တွဲကာ ICT နည်းပညာရပ်များ သင်ကြားနိုင်ရန်အတွက် ပြင်ဆင်မွမ်းမံထားတဲ့ ရွေ့လျားဘတ်စ်ကား လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားကို ဇူလိုင်လ ၃၁ ရက်က Samsung Iconic Service Plaza မှာကျင်းပပြုလုပ်ခဲ့ပါတယ်။

လေးနှစ်မြောက်ပံ့ပိုးမှုအဖြစ် Samsung Myanmar မှ လှူဒါန်းထားတဲ့ ပြင်ဆင်မွမ်းမံထားတဲ့ ရွေ့လျားဘတ်စ်ကားဟာ ကွန်ပျူတာအခြေခံ၊ အင်တာနက်နဲ့ Social Media အသုံးပြုခြင်း စတဲ့ သင်တန်းတွေကို Pre-Level II နဲ့ Level II Course အတွက် သင်ကြားပေးသွားမယ်လို့ သိရပါတယ်။ ယခုသင်တန်းမှ ရန်ကုန်မြို့အတွင်းရှိ မြို့နယ်များဖြစ်တဲ့ ရန်ကင်းမြို့နယ်ရှိ SoyAi Youth Center မှ လူငယ် ၂၅ ဦး၊ myME သင်တန်းနှစ်ခု တည်ရှိရာ ရွှေပြည်သာမြို့နယ်မှ ၂၁ ဦး၊ ဒဂုံဆိပ်ကမ်းမြို့နယ်မှ ၁၂ ဦး၊ မြောက် ဒဂုံမြို့နယ် ၃၂ ရပ်ကွက်မှ ၁၂ ဦး၊ သာကေတမြို့နယ်မှ ၄၅ ဦး စုစုပေါင်း ၁၂၁ ဦးတို့ကို အပတ်စဉ်သင်ကြားပေး သွားမှာဖြစ်ပြီး တစ်လလျှင် ၄၈၄ ဦး၊ တစ်နှစ်လျှင် ၅၈၀၈ ဦးတို့ကို သွားရောက်သင်ကြားပေးသွားမယ်လို့ သိရပါ တယ်။