iCloud Email Aliases ကိုဘယ်လိုတည်ဆောက်မလဲ

iCloud email တစ်ခုကို အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးတွေထဲမှာတော့ ကိုယ့်ရဲ့ မူရင်း email လိပ်စာကိုဖုံးကွယ်ပြီး နာမည်ပြောင်နဲ့ email လိပ်စာတစ်ခုကို ဖန်တီးထားနိုင်ပါတယ်။ Email လိပ်စာကို အမှန်မဖော်ပြလိုတဲ့အခါမှာဖြစ်ဖြစ် ဝက်ဘ်ဆိုက်တွေကို login လုပ်ဖို့နဲ့ spammer တွေရန်က ကာကွယ်ဖို့ အတွက် iCloud email Aliases ကိုတည်ဆောက်ထားနိုင်ပါတယ်။

iCloud email Aliases ကိုတည်ဆောက်ဖို့အတွက် ပထမဆုံး https://www.icloud.com ကို သွားပါ။ ပြီးရင် ကိုယ့်ရဲ့ iCloud email နဲ့ password ကို ရိုက်ထည့်လိုက်ပါ။ iCloud ထဲကိုရောက်သွားရင် mail button ကို နှိပ်ရပါမယ်။ ပြီးသွားရင် ဘယ်ဘက်အောက်ခြေမှာရှိတဲ့ ဂီယာ icon ကို နှိပ်ပြီး Preferences ဆိုတာကို နှိပ်ပါ။

Accounts ဆိုတဲ့ tab ကိုရွေးချယ်ပေးရပါမယ်။ Accounts tab အောက်ကိုရောက်ရင် Add an Alias ဆိုတာကို နှိပ်ပြီး Alias ဆိုတဲ့နေရာမှာ ကိုယ်ပေးချင်တဲ့နာမည်ပြောင်တစ်ခုခုကို ထည့်သွင်းပေးလိုက်ပါ။ ဒီနေရာမှာ Alias email တွေကို ၃ ခုသာ ဖန်တီးနိုင်မှာဖြစ်ပါတယ်။ ပြီးရင် done ဆိုတဲ့ခလုတ်ကို နှိပ်လိုက်ရင် iCloud Email Alias ကို ဖန်တီးပြီးပြီဖြစ်ပါတယ်။