iCloud ဝက်ဘ်ဆိုက်မှာ iPhone 12 icon တွေထွက်ပေါ်

ဒီနေ့ည ၁၁ နာရီခွဲမှာ Apple ဟာ iPhone 12 မိတ်ဆက်ပါမယ်။ Apple ဟာ iCloud ဝက်ဘ်ဆိုက်မှာ iPhone 12 အတွက် ရေးဆွဲထားတဲ့ icon အသေးလေးတွေကို upload ပြုလုပ်ခဲ့ပါတယ်။ အဲဒီ ပုံတွေက ရုပ်ထွက် သိပ်မကောင်းပေမယ့် အရင် iPhone မော်ဒယ်တွေ ခြားနားမှု အနည်းငယ်ရှိတာ သိသာပါတယ်။

အဲဒီပုံတွေကို Twitter ပေါ်က @AppleSWUpdates က ပထမဆုံး သတိပြုမိပြီး 9to5Max ကတော့ အရည်အသွေးကောင်းတဲ့ ပုံတွေ ရယူခဲ့ပါတယ်။ Twitter ပေါ်က post အရ Apple ဟာ iPhone icon အသစ် ၄ ခုကို ထည့်သွင်းခဲ့ပါတယ်။ ဒါကြောင့် Apple ဟာ iPhone (၄) မျိုးကို မိတ်ဆက်နိုင်ဖွယ်ရှိတယ်လို့ ခန့်မှန်းနေကြပါတယ်။

iPhone 12 mini, iPhone 12 Pro နဲ့ iPhone 12 Pro Max ဖုန်းတွေမှာ ပြန့်ပြူးတဲ့အနားသတ်နဲ့ ဒီဇိုင်းသစ်တွေပါဝင်မယ်လို့ ကောလာဟလ ထွက်ပေါ်နေပါတယ်။ iPhone 12 mini မှာတော့ notch အသေးစား ပါဝင်မယ်လို့ သိရပါတယ်။ ပေါက်ကြားထွက်ပေါ်လာတဲ့ icon နှစ်ခုကို ယှဉ်လိုက်ရင်တော့ notch အသေးစား ပါဝင်တဲ့ မော်ဒယ်ကို တွေ့ရပါတယ်။

-စိုးထက်
Ref: 9to5Mac

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««