ICANN ႏွင့္ ဖန္တီးရာတို႔ ပူးေပါင္း၍ Internet for Everyone ပြဲက်င္းပမည္

[ Zawgyi ]

လာမယ့္ ၾသဂုတ္လ ၁၁ ရက္မွာ ဖန္တီးရာနဲ႔ ICANN တို႔ပူးေပါင္းၿပီး Internet for Everyone ပြဲကို ညေန ၃ နာရီ မွ ၅ နာရီအထိ ဖန္တီးရာမွာ က်င္းပျပဳလုပ္သြားမယ္လို႔ သိရပါတယ္။

ျမန္မာႏိုင္ငံနဲ႔တကြ ကမာၻအရပ္ရပ္ရွိ အင္တာနက္ အသုံးျပဳသူမ်ား လုံၿခဳံေရးအတြက္ ICANN အဖြဲ႕အစည္းမွ မည္သည့္နည္းပညာ ေထာက္ပံ့မႈမ်ား ျပဳလုပ္ေနသလဲ၊ အင္တာနက္ အသုံးျပဳသူမ်ား အေနနဲ႔ သတိျပဳသင့္တဲ့ ေဆာင္ရန္ေရွာင္ရန္မ်ား၊ အနာဂတ္မွာ မိခင္ဘာသာစကားနဲ႔ အင္တာနက္အသုံးျပဳႏိုင္ေအာင္ စတဲ့ အေၾကာင္းအရာေတြအျပင္ အင္တာနက္ကို ပိုမို လက္လွမ္းမီၿပီး အင္တာနက္အသုံးျပဳရာမွာ ပိုမိုလုံၿခဳံေခ်ာေမြ႕ေအာင္ ေဆာင္႐ြက္မႈေတြကို ေဆြးေႏြးမွ်ေဝေပးသြားမွာ ျဖစ္တယ္လို႔ သိရပါတယ္။

ဒီပြဲမွာ ICANN အဖြဲ႕မွ Ms Pitinan Jib Koo နဲ႔ ဆရာမႀကီး ေဒၚျမင့္ျမင့္သန္း ဦးစီးတဲ့ ICANN Myanmar Generation Panel တို႔မွ ICANN အဖြဲ႕ရဲ႕ လႈပ္ရွားေဆာင္ရြက္မႈမ်ားအေၾကာင္း၊ ျမန္မာႏိုင္ငံ၊ ျမန္မာဘာသာ စကား သုံးစြဲသူမ်ားနဲ႔ အင္တာနက္နည္းပညာ ကြၽမ္းက်င္သူမ်ားအေနနဲ႔ မည္သို႔ပါဝင္ႏိုင္ေၾကာင္းကို ေဆြးေႏြးေပးသြားမွာျဖစ္တယ္လို႔ သိရပါတယ္။ စိတ္ဝင္စားသူေတြ အေနနဲ႔ http://bit.ly/33e6AsH မွာ စာရင္းေပးသြင္းႏိုင္မွာျဖစ္ပါတယ္။

ICANN အဖြဲ႕အစည္းကို အင္တာနက္ ပ႐ိုတိုေကာနံပါတ္မ်ားနဲ႔ ဒိုမိန္းအမည္မ်ား လိပ္စာမ်ားကို မသမာမႈ အလြဲသုံးမႈမ်ားမွ ကာကြယ္ရန္ ရည္႐ြယ္ၿပီး ၁၉၉၈ ခုႏွစ္၊ စက္တင္ဘာ ၁၈ ရက္က စတင္ဖြဲ႕စည္းခဲ့တာ ျဖစ္ပါတယ္။

-ရဲထြဋ္ဝင္း

[ Unicode ]

လာမယ့် သြဂုတ်လ ၁၁ ရက်မှာ ဖန်တီးရာနဲ့ ICANN တို့ပူးပေါင်းပြီး Internet for Everyone ပွဲကို ညနေ ၃ နာရီ မှ ၅ နာရီအထိ ဖန်တီးရာမှာ ကျင်းပပြုလုပ်သွားမယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံနဲ့တကွ ကမ္ဘာအရပ်ရပ်ရှိ အင်တာနက် အသုံးပြုသူများ လုံခြုံရေးအတွက် ICANN အဖွဲ့အစည်းမှ မည်သည့်နည်းပညာ ထောက်ပံ့မှုများ ပြုလုပ်နေသလဲ၊ အင်တာနက် အသုံးပြုသူများ အနေနဲ့ သတိပြုသင့်တဲ့ ဆောင်ရန်ရှောင်ရန်များ၊ အနာဂတ်မှာ မိခင်ဘာသာစကားနဲ့ အင်တာနက်အသုံးပြုနိုင်အောင် စတဲ့ အကြောင်းအရာတွေအပြင် အင်တာနက်ကို ပိုမို လက်လှမ်းမီပြီး အင်တာနက်အသုံးပြုရာမှာ ပိုမိုလုံခြုံချောမွေ့အောင် ဆောင်ရွက်မှုတွေကို ဆွေးနွေးမျှဝေပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒီပွဲမှာ ICANN အဖွဲ့မှ Ms Pitinan Jib Koo နဲ့ ဆရာမကြီး ဒေါ်မြင့်မြင့်သန်း ဦးစီးတဲ့ ICANN Myanmar Generation Panel တို့မှ ICANN အဖွဲ့ရဲ့ လှုပ်ရှားဆောင်ရွက်မှုများအကြောင်း၊ မြန်မာနိုင်ငံ၊ မြန်မာဘာသာ စကား သုံးစွဲသူများနဲ့ အင်တာနက်နည်းပညာ ကျွမ်းကျင်သူများအနေနဲ့ မည်သို့ပါဝင်နိုင်ကြောင်းကို ဆွေးနွေးပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။ စိတ်ဝင်စားသူတွေ အနေနဲ့ http://bit.ly/33e6AsH မှာ စာရင်းပေးသွင်းနိုင်မှာဖြစ်ပါတယ်။

ICANN အဖွဲ့အစည်းကို အင်တာနက် ပရိုတိုကောနံပါတ်များနဲ့ ဒိုမိန်းအမည်များ လိပ်စာများကို မသမာမှု အလွဲသုံးမှုများမှ ကာကွယ်ရန် ရည်ရွယ်ပြီး ၁၉၉၈ ခုနှစ်၊ စက်တင်ဘာ ၁၈ ရက်က စတင်ဖွဲ့စည်းခဲ့တာ ဖြစ်ပါတယ်။