ICAIT 2020 သို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်

“The 4th International Conference on Advanced Information Technologies (ICAIT 2020)” သို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး တက်ရောက်အမှာစကားပြောကြားခဲ့ပါတယ်။

အဆိုပါပွဲကို သတင်းအချက်အလက်နည်းပညာတက္ကသိုလ်က ကြီးမှူးကာ ၂ ရက်တာကျင်းပမှာ ဖြစ်ပြီး ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလ ၄ ရက်မှာ ပထမနေ့အဖြစ် အွန်လိုင်းမှ တစ်ဆင့် ကျင်းပခဲ့တာဖြစ်ပါတယ်။

“အရည်အသွေးကောင်းမွန်တဲ့ သုတေသနစာတမ်း ၄၀ ကို ဖတ်မှာဖြစ်ပါတယ်။ Information Technology ရဲ့ နောက်ဆုံးပေါ် သုတေသနရလဒ်တွေကို ပြောတာဖြစ်တဲ့အတွက်ကြောင့် Technology တွေဟာ ဘယ်လို Trend နဲ့ သွားနေတာလားဆိုတာကို လေ့လာသိရှိနိုင်မယ်။ ဒါ လေးကြိမ်မြောက်ကျင်းပတာဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ် ကတည်းက ကျင်းပလာတာ ၂၀၁၉ တုန်းကပြုလုပ်တဲ့ သုံးကြိမ်မြောက်တုန်းကဆို ပြည်တွင်းပြည်ပက စာတမ်းတွေကို လက်ခံပြီးတော့လုပ်တယ် ဆိုပေမဲ့လို့ မြန်မာပြည်ကနေလုပ်တဲ့ International Conference ဖြစ်နေတာပေါ့နော်၊ တကယ့်နိုင်ငံတကာ က အသိအမှတ်ပြုတာမျိုး ကျွန်မတို့ရဲ့ ရလဒ်တွေကလဲ နိုင်ငံတကာကဲ့သို့ တန်းဝင်တဲ့ သုတေသနရလဒ်တွေ ဖြစ်တယ်၊ ဒီ မာစတာတန်းဖတ်တဲ့လူတွေကလဲလေ သုတေသနရလဒ်တွေကလဲ အဲ့လိုဖြစ်အောင် IEEE Digital Library မှာထည့်သွင်းဖို့ကြိုးစားခဲ့တယ်။ မနှစ်ကပေါ့နော် ၂၀၁၉ ကတည်းက IEEE နဲ့ Cooperation လုပ်ပြီးတော့ အဲ့ Digital Library မှာ ထည့်သွင်းခဲ့တာ ဖြစ်ခဲ့တဲ့အတွက်ကြောင့် ဒီနှစ်လဲ ထည့်သွင်းမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ ကျွန်မတို့က IEEE ရဲ့ International Standard နဲ့အညီ သုတေသနရလဒ်တွေ၊ သုတေသနစာတမ်းတွေကို ဆောင်ရွက်ထားတာဖြစ်တဲ့ အတွက်ကြောင့် အခု ဖတ်မဲ့ ပြည်တွင်းပြည်ပက စာတမ်းပိုင်ရှင်တွေကလဲ နိုင်ငံတကာရဲ့ တန်းဝင် အရည်အသွေးပြည့်ဝတဲ့ သုတေသနစာတမ်းတွေဖြစ်တယ်လို့ ပြောနိုင်ပါတယ်။

ကိုဗစ်ကာလထဲမှာ ဒီ virtual conference ဖြစ်မြောက်အောင် ပူးပေါင်းပါဝင်ပြီး review လုပ်ပေးတဲ့ ပြည်တွင်းပြည်ပက ပရော်ဖက်ဆာတွေ၊ ပွဲအဆင်ပြေချောမွေ့စွာ ကျင်းပနိုင်အောင်ဆောင်ရွက်ပေးကြတဲ့ UIT က ကော်မတီအဖွဲ့ဝင်တွေ၊ ပရော်ဖက်ဆာတွေကို အကုန်လုံးကို ကျေးဇူးတင်ပါတယ်လို့ ပြောချင်ပါတယ်” လို့ UIT မှ ပါမောက္ခချုပ် ဒေါက်တာစောစန္ဒာအေးက ပြောပါတယ်။
ပွဲ ဒုတိယနေ့အဖြစ် နိုဝင်ဘာ ၅ ရက်၊ နံနက် ၈ နာရီခွဲမှ ညနေ ၃ နာရီ ထိကျင်းပသွားမှာဖြစ်ပါတယ်။

-သန္တာ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««