IBM မွ ျမန္မာႏိုင္ငံမိတ္ဖက္ကိုယ္စားလွယ္အျဖစ္ SEA LION ကုမၸဏီကိုသတ္မွတ္

[ Zawgyi ]

ႏိုင္ငံတကာနည္းပညာ ကုမၸဏီတစ္ခုျဖစ္တဲ့ IBM အေနနဲ႔ ျမန္မာႏိုင္ငံမိတ္ဖက္ ကိုယ္စားလွယ္အျဖစ္ SEA LION ကုမၸဏီကို သတ္မွတ္လိုက္ပါတယ္။

SEA LION ကို ျမန္မာျပည္ မိတ္ဖက္ကိုယ္စားလွယ္အျဖစ္ ခန္႔အပ္ရျ ခင္းမွာ ျမန္မာႏိုင္ငံရဲ႕ က်န္းမာေရး၊ ပညာေရး၊ စက္မႈနဲ႔ အလိုအေလ်ာက္ စက္မႈကုန္ထုတ္က႑ေတြမွာ အဆင့္ျမင့္ စက္ပစၥည္းေတြ၊ ဝန္ေဆာင္မႈေတြ၊ လိုအပ္ခ်က္ေတြကို ေျဖရွင္းေပးတဲ႔ ကုမၸဏီတစ္ခုျဖစ္တာေၾကာင့္ ေရြးခ်ယ္ခဲ့တာ ျဖစ္တယ္လို႔ သိရပါတယ္။

“ျမန္မာႏိုင္ငံက လုပ္ငန္းေတြနဲ႔ က႑ေပါင္းစံုမွာ လက္တြဲလုပ္ေဆာင္သြားမွာပါ။ ႏိုင္ငံျခားကို ပညာေတာ္သင္ေစလႊတ္ဖို႔အတြက္လည္း ဝန္ႀကီးဌာနနဲ႔ သေဘာတူ လက္မွတ္ေရးထိုးထားပါတယ္။ ႏိုင္ငံတကာအဆင့္ ကမၻာ့အဆင့္ျဖစ္ေစဖို႔အတြက္ ျပည္တြင္းမွာ လုပ္ေဆာင္ႏိုင္ဖို႔ကိုလည္း ကူညီေပးသြားမွာပါ။ ျပည္တြင္းစီးပြားေရးမွာ နားလည္တတ္ကြၽမ္းေရးနဲ႔ အသြင္ကူးေျပာင္းေရး လုပ္ေနခ်ိန္မွာ ျပည္တြင္းကလုပ္ငန္းေတြ၊ ဝန္ႀကီးဌာနေတြနဲ႔ပူးေပါင္းၿပီး လုပ္သြားမွာပါ” လို႔ SEA LION Group ရဲ႕ CEO ဦးဝင္းေဇာ္ေအာင္ က ေျပာပါတယ္။

IBM က ျမန္မာနိုင္ငံရွိ အဖြဲ႔အစည္းေတြ အတြက္ ဥာဏ္ရည္တု (Artificial Intelligence – AI )၊ ဘေလာ့ခ်ိန္း (Blockchain)၊ အခ်က္အလက္ေတြ ခြဲျခမ္းေလ့လာျခင္း(Analytics)၊ ရပ္ေဝးကြန္ပ်ဴတာကြန္ရက္(Cloud)၊ လံုၿခံဳေရး (Security) တို႔အျပင္ ေနာက္ဆံုးေပၚ မ်ိဳးဆက္သစ္ သတင္းအခ်က္အလက္နည္းပညာ အေျခခံ အေဆာက္အအံု ( IT Infrastructure) ေတြပါဝင္တဲ့ နည္းပညာသစ္ေတြနဲ႔ လိုအပ္ခ်က္ေတြကို ေျဖရွင္းေပးတဲ့ နည္းပညာႏွင့္၀န္ေဆာင္မႈမ်ားကို ၾသဂုတ္ ၁၃ ရက္က ျမန္မာႏိုင္ငံမွာမိတ္ဆက္ခဲ့တာ ျဖစ္ပါတယ္။

-ေဝေဝ

[ Unicode ]

နိုင်ငံတကာနည်းပညာကုမ္ပဏီတစ်ခု ဖြစ်တဲ့ IBM အနေနဲ့ မြန်မာနိုင်ငံမိတ်ဖက်ကိုယ်စားလှယ်အဖြစ် SEA LION ကုမ္ပဏီကို သတ်မှတ်လိုက်ပါတယ်။

SEA LION ကို မြန်မာပြည် မိတ်ဖက်ကိုယ်စားလှယ်အဖြစ် ခန့်အပ်ရြ ခင်းမှာ မြန်မာနိုင်ငံရဲ့ ကျန်းမာရေး၊ ပညာရေး၊ စက်မှုနဲ့ အလိုအလျောက် စက်မှုကုန်ထုတ်ကဏ္ဍတွေမှာ အဆင့်မြင့် စက်ပစ္စည်းတွေ၊ ဝန်ဆောင်မှုတွေ၊ လိုအပ်ချက်တွေကို ဖြေရှင်းပေးတဲ့ ကုမ္ပဏီတစ်ခုဖြစ်တာကြောင့် ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

“မြန်မာနိုင်ငံက လုပ်ငန်းတွေနဲ့ ကဏ္ဍပေါင်းစုံမှာ လက်တွဲလုပ်ဆောင်သွားမှာပါ။ နိုင်ငံခြားကို ပညာတော်သင်စေလွှတ်ဖို့အတွက်လည်း ဝန်ကြီးဌာနနဲ့ သဘောတူ လက်မှတ်ရေးထိုးထားပါတယ်။ နိုင်ငံတကာအဆင့် ကမ္ဘာ့အဆင့်ဖြစ်စေဖို့အတွက် ပြည်တွင်းမှာ လုပ်ဆောင်နိုင်ဖို့ကိုလည်း ကူညီပေးသွားမှာပါ။ ပြည်တွင်းစီးပွားရေးမှာ နားလည်တတ်ကျွမ်းရေးနဲ့ အသွင်ကူးပြောင်းရေး လုပ်နေချိန်မှာ ပြည်တွင်းကလုပ်ငန်းတွေ၊ ဝန်ကြီးဌာနတွေနဲ့ပူးပေါင်းပြီး လုပ်သွားမှာပါ” လို့ SEA LION Group ရဲ့ CEO ဦးဝင်းဇော်အောင် က ပြောပါတယ်။

IBM က မြန်မာနိုင်ငံရှိ အဖွဲ့အစည်းတွေ အတွက် ဉာဏ်ရည်တု (Artificial Intelligence – AI )၊ ဘလော့ချိန်း (Blockchain)၊ အချက်အလက်တွေ ခွဲခြမ်းလေ့လာခြင်း(Analytics)၊ ရပ်ဝေးကွန်ပျူတာကွန်ရက်(Cloud)၊ လုံခြုံရေး (Security) တို့အပြင် နောက်ဆုံးပေါ် မျိုးဆက်သစ် သတင်းအချက်အလက်နည်းပညာ အခြေခံ အဆောက်အအုံ ( IT Infrastructure) တွေပါဝင်တဲ့ နည်းပညာသစ်တွေနဲ့ လိုအပ်ချက်တွေကို ဖြေရှင်းပေးတဲ့ နည်းပညာနှင့်ဝန်ဆောင်မှုများကို သြဂုတ် ၁၃ ရက်က မြန်မာနိုင်ငံမှာမိတ်ဆက်ခဲ့တာ ဖြစ်ပါတယ်။