Hypontix ကို Ubuntu OS မှာ ထည့်သွင်းခြင်း

Hypontix ဆိုတာကတော့ Ubuntu OS သုံးစွဲထားတဲ့ ကွန်ပျူတာတွေကနေ IPTV တွေကို ကြည့်ရှုနိုင်အောင် စီစဉ်ပေးထား တဲ့ IPTV player တစ်ခုဖြစ်ပါတယ်။ Hyontix ကို ထည့်သွင်းအသုံးပြုဖို့အတွက် ဖော်ပြပါနည်းလမ်းအတိုင်းပြုလုပ်နိုင်ပါတယ်။

Ubuntu OS မှာ Hypontix ကို ထည့်သွင်းဖို့အတွက် ပထမဆုံး Ubuntu OS System ရဲ့ Package တွေကို Update တွေ Upgrade တွေ ပြုလုပ်ထားသင့်ပါတယ်။ Package တွေကို Update ပြုလုပ်ဖို့အတွက် Ubuntu ရဲ့ Terminal ကို Ctrl + Alt + T ကို အသုံးပြုပြီး ဖွင့်ရပါမယ်။ ပြီးပြီဆိုရင်တော့ Terminal ထဲမှာ sudo apt-get update ဆိုတဲ့ Command နဲ့ Package တွေကို အရင် Update ပြုလုပ်ရမှာဖြစ်ပါတယ်။

Update ပြုလုပ်ပြီးပြီ ဆိုရင်တော့ sudo apt-get upgrade နဲ့ Upgrade ထပ်မံ လုပ်ပေးရပါမယ်။

ပြီးသွားပြီဆိုရင် GitHub (https://github.com/linuxmint/hypnotix/releases) ကနေ hypnotix_1.1_all.deb ဆိုတဲ့ဖိုင်ကို download လုပ်ယူပါ။

Hypontix ကို Ubuntu မှာထည့်သွင်း အသုံးပြုဖို့အတွက် ဖော်ပြပါ command ကို Terminal မှာ ရိုက်ထည့်ရပါမယ်။ အသုံးပြုရမယ့် command တွေကတော့ –

sudo apt install ./Downloads/hypnotix*.deb

ဆိုတဲ့ command တွေ ဖြစ်ပါတယ်။ အဆိုပါ command တွေကို ထည့်သွင်းပြီးပြီဆိုရင် သက်ဆိုင်ရာ package တွေကို download လုပ်ယူပြီး ထည့်သွင်းပေးသွားမှာဖြစ်ပါတယ်။

-သီဟ

»»» အင်တာနက်ဂျာနယ်ကနေ ရုပ်သံဖိုင်နဲ့တင်ဆက်တာကို နှစ်သက်သူတွေအတွက် Internet Journal ရဲ့ Youtube channel ဖြစ်တဲ့ ဒီနေရာကို နှိပ်ပြီး Subscription လုပ်ထားဖို့လိုမယ်နော် «««