Human Resource Management Course for Entrepreneurs သင်တန်းဖွင့်လှစ်မည်

ရန်ကုန်စီးပွားရေးတက္ကသိုလ်နဲ့ Myanmar-India Entrepreneurship Development Center တို့မှ ဖွင့်လှစ်တဲ့ Human Resource Management Course for Entrepreneurs သင်တန်းကို ရက်တိုသင်တန်းအနေနဲ့ ဖွင့်လှစ်မယ်လို့ သိရပါတယ်။

သင်တန်းကို ဇန်နဝါရီ ၁၃ ရက်မှ ၂၂ ရက်အထိ ရုံးဖွင့်ရက် ညနေပိုင်း ၈ ရက်သင်တန်း တက်ရောက်ရမှာဖြစ်ပြီး သင်တန်းကြေးကတော့ ငါးသောင်းကျပ် ဖြစ်ပါတယ်။ သင်တန်းပြီးဆုံးပါက ရန်ကုန်စီးပွားရေးတက္ကသိုလ်က တိုက်ရိုက်ပေးအပ်တဲ့ သင်တန်းဆင်းလက်မှတ် ရရှိမှာဖြစ်ပါတယ်။

တက်ရောက်လိုသူတွေအနေနဲ့ ပါရမီလမ်း၊ ရန်ကုန်စီးပွားရေးတက္ကသိုလ် (လှိုင်နယ်မြေ) ဖုန်း – ၀၁-၆၆၄၆၈၄ နဲ့ ၀၉-၉၆၃၃၅၉၄၅၉ ကို ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါတယ်။

-သန္တာ