Human Resource Management – Case Study of Japanese Companies in Myanmar သင်တန်း ဖွင့်လှစ်မည်

Seminar on ” Human Resource Management – Case Study of Japanese Companies in Myanmar” ကို ကုန်သည်စက်မှုအသင်းချုပ် သင်တန်းကျောင်းမှာ ဖေဖော်ဝါရီလ ၁၅ ရက်နဲ့ ၁၆ ရက်မှာ ဖွင့်လှစ်ပို့ချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

သင်တန်းကို ဂျပန်နိုင်ငံ၊ ပင်လယ်ရပ်ခြား ကျွမ်းကျင်မှုဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်နှင့် စက်မှုလုပ်ငန်းဖွံ့ဖြိုး တိုးတက်ရေးအဖွဲ့ (AOTS) နဲ့ မြန်မာနိုင်ငံကုန်သည်စက်မှုအသင်းချုပ် (UMFCCI) တို့ ပူးပေါင်းပြီး ဖွင့်လှစ်ပေး တာဖြစ်ကြောင်း သိရပါတယ်။ သင်တန်းရဲ့ရည်ရွယ်ချက်မှာ HRM ၏ Theoretical Framework နဲ့အတူ Best Practices များ၊ ဂျပန်ကုမ္ပဏီများရဲ့ Industrial Relations နဲ့ ပတ်သက်တဲ့ ဖြစ်ရပ်မှန် အခြေအနေတွေကို လေ့လာနိုင်ဖို့နဲ့ တက်ရောက်သူတွေ အချင်းချင်း ဆွေးနွေးဖလှယ်နိုင်ဖို့ ဖြစ်ပါတယ်။ သင်တန်းကို ဂျပန်နိုင်ငံ၊ Waseda University မှ Professor Mitsuhide Shiraki က မြန်မာဘာသာပြန်နဲ့ ပို့ချပေးမှာဖြစ်ပြီး ဘွဲ့ရ၊ အသက် ၂၃ နှစ်မှ ၆၀ နှစ်အတွင်းရှိတဲ့ အသင်းချုပ် CEC, EC များ၊ ညီနောင်အသင်းများ၊ အသင်းဝင်ကုမ္ပဏီ များရဲ့ အမှုဆောင် (သို့) ၀န်ထမ်းများ၊ စက်မှုလုပ်ငန်းများမှ မန်နေဂျာ၊ ကြီးကြပ်ရေးမှူးနဲ့ အမှုဆောင်အရာရှိ များ အခမဲ့တက်ရောက်နိုင်မှာ ဖြစ်ပါတယ်။ သင်တန်းတက်ရောက်ဖို့ စိတ်ဝင်စားသူတွေအနေနဲ့
ဒီနေရာမှာရှိတဲ့လျှောက်လွှာပုံစံကို ဖြည့်စွက်ပြီး ဖေဖော်ဝါရီလ ၁၃ ရက် နောက်ဆုံးထားကာ လျှောက်လွှာ နဲ့အတူ သက်ဆိုင်ရာအဖွဲ့အစည်းများရဲ့ ထောက်ခံစာတွေကို ပူးတွဲပြီး ကိုယ်တိုင် (သို့) Email: [email protected] ကို ပေးပို့လျှောက်ထားနိုင်ပါတယ်။

လူဦးရေ ကန့်သတ်ထားတဲ့အတွက် လျှောက်လွှာတွေကို စိစစ်ရွေးချယ်သွားမှာဖြစ်ပါတယ်။ သင်တန်းကို နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲအထိ ကုန်သည်စက်မှုအသင်းချုပ်မှာ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အ သေးစိတ်သိရှိလိုပါက HRD ဌာန၊ ဖုန်း ၀၁-၂၃၁၄၃၄၄ ~ ၄၉ (လိုင်းခွဲ ၁၃၃၊ ၁၃၄) ကို ဆက်သွယ်စုံစမ်းနိုင်ပါ တယ်။