Huawei Y9 Prime 2019 ဝယ်ယူသူများ ချင်းမိုင်သို့ သွားရောက်နိုင်မည့်အစီအစဉ် ပြုလုပ်

[ Zawgyi ]




[ Unicode ]

Huawei Consumer Business Group မှ Huawei ထုတ်ကုန်များကို ဝယ်ယူအားပေးသူတွေကို ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ Huawei Y9 Prime 2019 ဝယ်ယူသူတွေအတွက် ချင်းမိုင်သို့ သွားရောက်နိုင်မယ့် အစီအစဉ်တစ်ခုကို ပြုလုပ်လိုက်ပါတယ်။

Y9 Prime 2019 ကို ဇူလိုင် ၁ ရက် မှ ဇူလိုင် ၃၁ ရက်အတွင်း ဝယ်ယူထားသူတွေ အနေနဲ့ ဝယ်ယူထားတဲ့ ဘောက်ချာဖြတ်ပိုင်းနဲ့ ဖုန်းဘူးကို ဓာတ်ပုံရိုက်ကူးကာ မိမိရဲ့ Facebook ပေါ်မှာ Public Post ဖြင့် မည်သည့် အကြောင်းရင်းကြောင့် Huawei Y9 Prime 2019 ကို ဝယ်ယူဖြစ်ကြောင်းအား ရေးသားကာ #HUAWEIY9Prime2019 Hashtag နဲ့တင်ရမှာဖြစ်ပါတယ်။ တင်ပြီးတဲ့ပို့စ်ကို screenshot ရိုက်ပြီး Huawei Mobile Page ကို Message ပေးပို့ရမှာဖြစ်ပါတယ်။ ပေးပို့လာသူများထဲမှ စည်းမျဉ်းစည်းကမ်းနဲ့ ညီညွတ်သူ၊ အကြောင်းအရာနဲ့ ညီညွတ်သူ၊ ပြည့်ပြည့်စုံစုံ ဖော်ပြထားသူတွေကို စိစစ်ရွေးချယ်ပြီး ရရှိထားတဲ့ ဆန်ခါတင်များထဲမှ လူ (၁၀) ဦးကို မဲနှိုက်ရွေးချယ်ကာ ချင်းမိုင်သို့ ၂ ညအိပ်၊ ၃ရက် စရိတ်ငြိမ်းပို့ဆောင်ပေးမှာဖြစ်တယ်လို့ သိရပါတယ်။ အသေးစိတ်ကို https://www.facebook.com/ 2089208647855802 မှ တစ်ဆင့်ဝင်ရောက် ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Huawei Y9 Prime 2019 ကို ၃၃၉,၀၀၀ ကျပ်ဖြင့် ဝယ်ယူနိုင်ပြီး Midnight Black, Emerald Green နဲ့ Sapphire Blue ဟူ၍ အရောင် ၃ မျိုးနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။