Huawei Y8P ကို တရားဝင် မိတ်ဆက်

Huawei Y8P ကို ကုမ္ပဏီဝက်ဘ်ဆိုက်မှာ တရားဝင် မိတ်ဆက်လိုက်ပါတယ်။ Huawei Y8P က Huawei Enjoy 10s နဲ့ဆင်ပါတယ်။

မျက်နှာပြင်က ၆.၃ လက်မ OLED panel နဲ့ ရုပ်ထွက်အရည်အသွေး 1080p+ (screen-to-body ratio ကတော့ ၉၀.၁၇ ရာခိုင်နှုန်း) ရှိပါတယ်။ ဖုန်းမှာ in-display fingerprint reader ပါဝင်လာပါတယ်။

ကျောဘက်ကင်မရာက 48MP နဲ့အတူ SuperSpectrum sensor ပါဝင်ပြီး Huawei က RYYB sensor လို့ခေါ်ပါတယ်။ ကင်မရာမှာ Super Night Mode (AI image processing နဲ့အတူ ၆ စက္ကန့် exposure အထိ) ပါဝင်လာပါတယ်။

အဓိက ကင်မရာကတော့ 8MP ultrawide-angle ကင်မရာ (၁၂၀ ဒီဂရီ lens) အပြင် 2MP depth sensor တို့ပါဝင်လာပါတယ်။ ရှေ့ကင်မရာကတော့ 16MP selfie ဖြစ်ပြီး notch ထဲ ထည့်သွင်းထားပါတယ်။Y8P မှာ Kirin 710F chipset နဲ့အတူ RAM 4GB နဲ့ storage 128GB တို့ပါဝင်လာပါတယ်။ RAM 6GB ဗားရှင်းကိုလည်း ထုတ်လုပ်ထားပြီး NM card (256GB အထိသုံးနိုင်) ကိုသုံးစွဲလို့ရပါတယ်။ ဖုန်းမှာ Android 10 အခြေခံ EMUI 10.1 ကိုအသုံးပြုထားပါတယ်။ Google Play Store မပါဝင်ဘဲ Huawei AppGallery နဲ့ဆက်စပ်ဝန်ဆောင်မှုတွေ ပါဝင်လာပါတယ်။

ဘက်ထရီကတော့ 4,000mAh ဖြစ်ပြီး 10W အထိ အားသွင်းပေးပါတယ်။ USB-C port နဲ့ 3.5mm နားကြပ်ပေါက်တို့ ပါဝင်လာပါတယ်။

Huawei Y8P ကို အနက်၊ ခရစ္စတယ်တို့နဲ့ ထုတ်လုပ်ပါမယ်။ Huawei Y8P ကိုမြန်မာနိုင်ငံမှာလည်း ရောင်းချမယ်လို့ https://consumer.huawei.com/mm/phones/y8p/ ဝက်ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။ ဈေးနှုန်းတော့ မသိသေးပါဘူး။

စိုးထက်
Ref: GSMArena