Huawei Y7a ထွက်ရှိ

Huawei ဟာ တန်ဖိုးကြီး Mate 40 မိတ်မဆက်ခင် တစ်ရက်အလိုမှာ အလယ်အလတ်တန်းစားဖုန်း Huawei Y7a ကို မိတ်ဆက်လိုက်ပါတယ်။ Huawei Y7a မှာ ၆.၆၇ လက်မ FullHD+ LCD ပါဝင်ပြီး 8MP selfie ကင်မရာနဲ့ ဖြစ်ပါတယ်။

ကျောဘက်မှာ 48MP ကင်မရာနဲ့အတူ 8MP ultrawide, 2MP macro နဲ့ 2MP depth sensor ပါဝင်လာပါတယ်။ Huawei Y7a မှာတော့ Kirin 710A SoC ကိုတော့ RAM 4GB နဲ့တွဲဖက်ထားပါတယ်။ Android 10 အခြေခံ EMUI 10.1 ပါဝင်လာပြီး Google services တော့မပါဝင်ပါဘူး။ storage 64GB နဲ့ 128GB ကိုရွေးချယ်နိုင်ပါတယ်။ ဒါ့အပြင် storage 512GB အထိတိုးချဲ့နိုင်ဖို့ memory card slot တို့ပါဝင်လာပါတယ်။

ဒါ့အပြင် ဖုန်းဘေးဘက်မှာ fingerprint reader နဲ့ နားကြပ်ပေါက်၊ USB-C port အပြင် 22.5W အထိ အားသွင်းပေးတဲ့ 5,000mAh ဘက်ထရီတို့ ပါ၀င်လာပါတယ်။

Huawei Y7a 128GB ကတော့ ဒေါ်လာ ၁၉၀ အထိ ကျသင့်ပြီး အနက်၊ အစိမ်းနဲ့ ရွှေဆိုပြီး အရောင် ၃ မျိုး ထွက်လာပါမယ်။

-စိုးထက်
Ref: GSMArena

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««