HUAWEI Y7a ကို သုံးသိန်းကျပ်ဝန်းကျင်ဖြင့် ဒီဇင်ဘာလဆန်းတွင် ဝယ်ယူနိုင်မည်

HUAWEI Y Series စမတ်ဖုန်းစီးရီးတွေမှာ ပထမဆုံး အနေနဲ့ အမြန်အားသွင်းစနစ်ကို အသုံးပြုထားသလို ကြီးမားသည့်ဘက်ထရီ ပမာဏနဲ့ ရုပ်ထွက်ပိုင်း ကောင်းမွန်တဲ့ ကင်မရာစနစ်နဲ့အတူ သိုလှောင်မှုပမာဏ များပြားတဲ့ HUAWEI Y7a စမတ်ဖုန်းကို Pre-Order အနေနဲ့ မှာယူနိုင်ပြီလို့ သိရပါတယ်။

HUAWEI Y7a စမတ်ဖုန်းမှာ အမြန်အားသွင်းစနစ်ကို အသုံးပြုထားတဲ့အပြင် ကြီးမားတဲ့ 5000 mAh ဘက်ထရီ၊ ၆.၆၇ လက်မအရွယ် (2400 x 1080 resolution) မြင်ကွင်းကျယ် FHD+ display ၊ ရုပ်ထွက်ပိုင်း ကောင်းမွန်တဲ့ 48MP Quad camera စနစ်နဲ့အတူ သိုလှောင်မှုပမာဏ 128 GB နဲ့ ဖြစ်ပါတယ်။

HUAWEI Y7a စမတ်ဖုန်းမှာ 22.5W HUSuperCharge နည်းပညာကို အသုံးပြုလာတဲ့ပထမဆုံး Y Series ဖြစ်တယ်လို့ သိရပါတယ်။ ၁၀ မိနစ်ခန့် အားသွင်းရုံနဲ့ ၂ နာရီဆက်တိုက် ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် တစ်နာရီဝန်းကျင်အတွင်း ဆိုပါက စမတ်ဖုန်းကို အားအပြည့်သွင်းနိုင်မယ်လို့ သိရပါတယ်။ 5000mAh (Typical Value) ဘက်ထရီကို ထည့်သွင်း အသုံးပြုထားပြီး အားအပြည့်သွင်းထားရင် ၂၃ နာရီ အထိ ဗီဒီယိုတွေကို ဆက်တိုက်ကြည့်ရှုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ် ။ လုံခြုံရေးစနစ်အတွက် Finger Print ကို ပါဝါခလုတ်နဲ့ တွဲလျက်တပ်ဆင်ထားတဲ့ Side-mounted အမျိုးအစားကို အသုံးပြုထားတဲ့အတွက် လျင်မြန်စွာ ဖုန်းဖွင့်ပြီး အသုံးပြုနိုင်မှာဖြစ်ပါတယ်။

4GB RAM နဲ့ 128GB Storage နဲ့ တင်သွင်းမှာဖြစ်ပြီး နိုဝင်ဘာ ၂၀ ရက် မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ Pre-Order မှာယူနိုင်မယ်လို့ သိရပါတယ်။ Crush Green (အစိမ်းရောင်) Blush Gold (ရွှေရောင်) Midnight Black (အနက်ရောင်) တို့နဲ့ ရရှိနိုင်မှာဖြစ်ပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««