HUAWEI Y7a ကို ပြည်တွင်းစျေးကွက်အတွင်း ဝယ်ယူနိုင်ပြီ

HUAWEI Y Series စမတ်ဖုန်းများမှာ HUAWEI SuperCharge အမြန်အားသွင်းစနစ် ပထမဆုံး ပါဝင်လာတဲ့အပြင် ကြီးမားကျယ်ပြန့်ပြီး FHD+ resolution အထိ ကြည့်ရှုခံစားနိုင်မယ့် မျက်နှာပြင်၊ 48MP Quad Camera နဲ့ 128GB အထိ သိုလှောင်သိမ်းဆည်းနိုင်မယ့် HUAWEI Y7a ကို ငွေကျပ် ၂၄၉,၀၀၀ ကျပ်နဲ့ ပြည်တွင်းစျေးကွက်အတွင်း စတင်ဝယ်ယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

HUAWEI Y7a စမတ်ဖုန်းမှာ 22.5W HUAWEI SuperCharge နည်းပညာကို အသုံးပြုလာမည့် ပထမဆုံး Y Series စမတ်ဖုန်း အမျိုးအစား ဖြစ်ပြီး ၁၀ မိနစ်ခန့် အားသွင်းရုံနဲ့ ၂ နာရီဆက်တိုက် ဗီဒီယိုတွေကို ကြည့်ရှုနိုင်မှာဖြစ်တဲ့အပြင် တစ်နာရီဝန်းကျင်အတွင်း စမတ်ဖုန်းကို အားအပြည့်သွင်းနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ 5000mAh (Typical Value) ဘက်ထရီကို ထည့်သွင်း အသုံးပြုထားပြီး ၂၃ နာရီ အထိ ဗီဒီယိုတွေကို ဆက်တိုက်ကြည့်ရှုနိုင်မယ်လို့ ဆိုပါတယ်။

HUAWEI Y7a မှာ AI quad-camera system နဲ့ main camera အဖြစ် 48MP lens ကို အသုံးပြုထားပြီး ၁၂၀ ဒီဂရီအထိ မြင်ကွင်းကျယ်များကို ရိုက်ကူးနိုင်မယ့် 8MP Ultra-Wide Angle Lens , 2MP Macro Lens နဲ့ 2MP Bokeh Lens တို့ ပါဝင်လာပါတယ်။ 2400 x 1080 resolution အထိ အထောက်အပံ့ပေးနိုင်မယ့် ၆.၆၇ လက်မ FHD+ resolution မျက်နှာပြင်နဲ့ အတူ Finger Print ကို ပါဝါခလုတ်နဲ့ တွဲလျက်တပ်ဆင်ထားကာ Side-mounted အမျိုးအစားကို အသုံးပြုထားတဲ့အတွက် လျင်မြန်စွာ ဖုန်းဖွင့်ပြီး အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

HUAWEI Y7a တွင် 4GB RAM နဲ့ 128GB Storage ပမာဏနဲ့ ရရှိနိုင်မှာဖြစ်ပြီး အရောင်အနေနဲ့ Crush Green (အစိမ်းရောင်) Blush Gold (ရွှေရောင်) နဲ့ Midnight Black (အနက်ရောင်) တို့နဲ့ ရရှိနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် HUAWEI Nova 7i ကိုလည်း Year End Promotion အစီအစဉ်အဖြစ် အထူးဈေးနှုန်း ၂၉၉,၀၀၀ ကျပ်နဲ့ စတင် ဝယ်ယူရရှိနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။ HUAWEI nova 7i နဲ့ HUAWEI Y7a စမတ်ဖုန်းတွေအနေနဲ့ HUAWEI Mobile Services ကိုအသုံးပြုထားပြီးApplication များကို HUAWEI App Gallery မှတစ်ဆင့် Download ရယူအသုံးပြုနိုင်မှာ ဖြစ်သလို App တွေကို အလွယ်တကူရှာဖွေပြီး download ရယူနိုင်ဖို့အတွက် Petal Search Application ကို HUAWEI App Gallery အတွက် Download ရယူနိုင်ပြီဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတဲ့ သတင်းနဲ့ စိတ်ဝင်စားဖွယ်အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီသိရှိနိုင်ဖို့ IJ Viber Community မှာချိတ်ဆက်ထားဖို့ လိုမယ်နော် «««