Huawei Y5 2019

[ Zawgyi ]

Price : 149,000 ks

အားသာခ်က္

ဆြဲေဆာင္မႈရွိတဲ့ ဒီဇုိင္းသစ္၊ ဗီဒီယုိၾကည့္႐ႈဖို႔အတြက္ ေကာင္းမြန္တဲ့ မ်က္ႏွာျပင္ျပည့္ Dewdrop Display နဲ႔ ဘတ္ဂ်တ္စမတ္ဖုန္းအမ်ဳိးအစား ျဖစ္ေပမယ့္ သင့္တင့္ေကာင္းမြန္တဲ့ စြမ္းေဆာင္ရည္နဲ႔ ေကာင္းမြန္တဲ့ လုပ္ေဆာင္ခ်က္မ်ားစြာ ပါ၀င္သလို ကင္မရာကလည္း ေန႔ဘက္နဲ႔ ညပိုင္း႐ိုက္ကူးမႈအတြက္ ေကာင္းမြန္တဲ့ ႐ုပ္ထြက္အရည္အေသြးရွိတာက ဒီဖုန္းရဲ႕ အားသာခ်က္လို႔ ေျပာရမွာျဖစ္ပါတယ္။ OS ကလည္း ေနာက္ဆုံးထြက္ Android OS 9.0 ေပၚအေျခခံထားတဲ့ EMUI ကို သုံးထားတာကလည္း သေဘာက်စရာပါ။

အားနည္းခ်က္

လုံၿခဳံေရးစနစ္ပိုင္းမွာ Face Unlock စနစ္ပဲ ပါ၀င္ပါတယ္။ လက္ေဗြ လုံၿခဳံေရးစနစ္ေတာ့ ဒီဖုန္းမွာ မပါ၀င္ပါဘူး။ ေနာက္တစ္ခုက USB OTG စနစ္ ေထာက္ပံ့ပါ၀င္တာ မေတြ႔ရပါဘူး။

ဒီဇိုင္းနဲ႔ မ်က္ႏွာျပင္

ပလတ္စတစ္ ေက်ာဘက္ကိုယ္ထည္ေပၚမွာ အပ္ခ်ဳပ္ရာပုံစံဒီဇုိင္းက ေသသပ္လွပၿပီး ဆြဲေဆာင္မႈရွိတယ္ဆိုရမွာပါ။ အေရာင္ေလးမ်ိဳးနဲ႔ ထုတ္ထားၿပီး အပ္ခ်ဳပ္ရာေက်ာဘက္ကာဗာဒီဇုိင္းက Midnight Black (အနက္) ေရာင္နဲ႔ Amber Brown (ပယင္းညိဳေရာင္) ကာလာမွာပဲ ပါ၀င္တာပါ။ တျခားႏွစ္ေရာင္ျဖစ္တဲ့ Sapphire Blue (အျပာ) နဲ႔ Modern Black (အနက္) ေရာင္ေတြမွာေတာ့ မပါ၀င္ပါဘူး။ ႀကီးမားတဲ့ မ်က္ႏွာျပင္အရြယ္အစားရွိတဲ့ဖုန္း ျဖစ္သလို အေလးခ်ိန္လည္း မဆိုစေလာက္ေလး ရွိတယ္လို႔ ခံစားရပါတယ္။ ပါးလႊာတဲ့ကိုယ္ထည္က လက္ထဲမွာကိုင္ရတာ အံ၀င္ခြင္က်ရွိလွပါတယ္။ ဖုန္းျမင္ကြင္းရဲ႕ ညာဘက္ ေဘာင္ထဲမွာပဲ ပါ၀ါနဲ႔ အသံအတိုးအက်ယ္ ခလုတ္ေတြကို တပ္ဆင္ထားၿပီး နားၾကပ္ေပါက္ကေတာ့ ဖုန္းရဲ႕ အေပၚဘက္ ေဘာင္ထဲမွာပါ။

၅.၇၁ လက္မရွိတဲ့ IPS LCD အမ်ဳိးအစား Drwdrop display မ်က္ႏွာျပင္က 720×1520 pixel အထိ ေထာက္ပံ့ေပးႏုိင္ပါတယ္။ ဖုန္းကိုယ္ထည္မွာ ျမင္ကြင္းပါဝင္မႈ ရာခုိင္ႏႈန္းကေတာ့ ၇၈.၁ ရာခုိင္ႏႈန္းရွိၿပီး Screen ရဲ႕ aspect ratio ကေတာ့ 19:9 ရွိတဲ့ မ်က္ႏွာျပင္ျဖစ္ပါတယ္။ အေလးခ်ိန္ ၁၄၆ ဂရမ္ ရွိပါတယ္။

စြမ္းေဆာင္ရည္

အျမန္ႏႈန္း 2.0 GHz ရွိတဲ့ Mediatek MT6761 Helio A22 Quad-core processor ကို ဒီဖုန္းမွာအသုံးျပဳထားၿပီး RAM အေနနဲ႔ 2GB နဲ႔ သိုေလွာင္ႏုိင္မႈပမာဏ 32 GB ပါဝင္ပါတယ္။ ဂရပ္ဖစ္အေနနဲ႔ PowerVR GE8320 GPU ေထာက္ပံ့ ပါဝင္ပါတယ္။ စြမ္းေဆာင္ရည္ပိုင္း ေကာင္းမြန္သလို စပီကာပိုင္းက အသံထြက္ က်ယ္ေလာင္မႈရွိပါတယ္။ Android 9.0 (Pie) အေျချပဳ EMUI 10 အသုံးျပဳထားၿပီး ဒီဖုန္းမွာ စုံလင္လွတဲ့ လုပ္ေဆာင္ခ်က္ေတြအျပင္ မ်က္ႏွာျဖင့္ ဖုန္းကို unlock လုပ္ႏိုင္တဲ့ Face unlock လည္း ေထာက္ပံ့ပါ၀င္ပါတယ္။

ဒါ့အျပင္ မ်က္စိထိခိုက္မႈမရွိေအာင္ အဓိက ေထာက္ပံ့ေပးတဲ့ TUV Rheinland ရဲ႕ Safety Certified အသိအမွတ္ျပဳ Display နည္းပညာ၊ ေနေရာင္ေအာက္မွာ ဖုန္းအသံုးျပဳမႈကို အေကာင္းဆုံးျဖစ္ေစမယ့္ Sunlight Visibility နည္းပညာ၊ ဗီဒီယုိၾကည့္႐ႈမႈမွာ အေကာင္းဆုံးအရည္အေသြးနဲ႔ ၾကည့္႐ႈႏုိင္ေအာင္ အလိုအေလ်ာက္ျမႇင့္တင္ေပးတဲ့ နည္းပညာ၊ အသံပိုင္းအတြက္ 3D Surround Sound အေနနဲ႔ ခံစားနားဆင္ႏုိင္မယ့္ Huawei Histen နည္းပညာနဲ႔ Party Mode လုပ္ေဆာင္ခ်က္ေတြ ေထာက္ပံ့ပါ၀င္လာပါတယ္။

ကင္မရာ

ေက်ာဘက္မွာ Apeature f/1.8 ရွိတဲ့ အမ်ဳိးအစား 13MP ကင္မရာကို တပ္ဆင္ထားၿပီး ေရွ႕ဘက္ကေတာ့ Apeature f/2.2 ရွိတဲ့ 5MP ကင္မရာကို အသုံးျပဳထားတာျဖစ္ပါတယ္။ ကင္မရာစနစ္မွာ AI နည္းပညာေထာက္ ပ့ံပါ၀င္ၿပီး ေန႔ဘက္႐ိုက္ကူးမႈအတြက္ ေကာင္းမြန္တဲ့ ႐ုပ္ထြက္အရည္အေသြး ရွိပါတယ္။
30fps ဗီဒီယုိကို 1080p အရည္အေသြးနဲ႔ ႐ုိက္ကူးႏုိင္မွာျဖစ္ၿပီး ကင္မရာစနစ္မွာ PDAF၊ LED flash ၊ HDR နဲ႔ Panorama စနစ္ေတြ ေထာက္ပံ့ပါ၀င္ပါတယ္။

ဘက္ထရီ

Li-Ion 3020mAh ပမာဏဘက္ထရီက HD ဗီဒီယုိ ဆက္တိုက္ ၾကည့္႐ႈမႈကို ၁၆ နာရီ၊ 4G အင္တာနက္ အသုံးျပဳမႈကို ၁၀ နာရီေက်ာ္၊ သီခ်င္းနားေထာင္တာကို ၇၄ နာရီနဲ႔ ဖုန္းေခၚဆိုမႈကို ၂၂ နာရီေက်ာ္ အသုံးျပဳႏုိင္မွာျဖစ္ပါတယ္။ ဒီပမာဏက ဘတ္ဂ်က္ဖုန္းထဲမွာ ဆိုရင္ေတာ့ ႏွစ္သက္စရာေကာင္းလွတဲ့အျပင္ တစ္ေန႔တာအတြက္ လုံေလာက္မႈရွိတဲ့ ဘက္ထရီပမာဏလို႔ဆိုရမွာ ျဖစ္ပါတယ္။

သံုးသပ္ခ်က္

Huawei Y5 2019 ဖုန္းက ၂ဝ၁၈ ေမာ္ဒယ္ Y5 Prime ထက္စာရင္ Display ပိုင္း၊ ကင္မရာပိုင္း၊ စြမ္းေဆာင္ရည္ပိုင္း ပိုၿပီး ျမင့္မားလာေပမယ့္ ဘက္ထရီနဲ႔ RAM ကေတာ့ Y5 Prime အတုိင္းပဲျဖစ္ပါတယ္။ သိုေလွာင္မႈပိုင္းမွာ Y5 Prime မွာတုန္းက 16GB သာပါ၀င္ေပမယ့္ Y5 2019 မွာ 32GB အထိ တိုးလာသလို microSD ကေန 512GB အထိ ပိုမုိ တိုးျမႇင့္အသုံးျပဳလာႏုိင္တာ အားရစရာပါ။ ဖုန္းရဲ႕ စြမ္းေဆာင္ရည္ပိုင္း၊ ဒီဇုိင္းပိုင္းနဲ႔ ဘက္ထရီနဲ႔ ၾကာၾကာ အသုံးျပဳႏုိင္တာေတြက သူ႔ရဲ႕ေစ်းႏႈန္းနဲ႔ ႏႈိႈင္းယွဥ္ၾကည့္မယ္ဆိုရင္ေတာ့ ေတာ္ေတာ္ေလး တန္တယ္လို႔ ဆိုရမွာျဖစ္ပါတယ္။ ေနာက္ဆုံးထြက္ 4G စနစ္သုံး ဖုန္းကို ေစ်းသက္သက္သာသာ ကိုင္ခ်င္သူေတြ ေရြးခ်ယ္သင့္တဲ့ ဖုန္းတစ္လုံးျဖစ္ပါတယ္။

GSM 4G LTE
SIM Dual Nano-SIM
Display IPS LCD capacitive touchscreen, 5.71 inches (19:9 ratio)
OS EMUI 10_Android 9.0 (Pie)
CPU Mediatek MT6761 Helio A22 (12 nm)
GPU PowerVR GE8320
Camera  13 MP, f/1.8, PDAF, LED flash, HDR, panorama; Front 5 MP, f/2.2
Battery Non-removable Li-Ion 3020 mAh
Internal 32 GB; RAM 2 GB, microSD, up to 512 GB
Others Wi-Fi 802.11 b/g/n, Bluetooth 4.0, microUSB 2.0
Display
Performance
Camera
Battery
Hand On
Over All

-ရဲထြဋ္ဝင္း

[ Unicode ]

Price : 149,000 ks

အားသာချက်

ဆွဲဆောင်မှုရှိတဲ့ ဒီဇိုင်းသစ်၊ ဗီဒီယိုကြည့်ရှုဖို့အတွက် ကောင်းမွန်တဲ့ မျက်နှာပြင်ပြည့် Dewdrop Display နဲ့ ဘတ်ဂျတ်စမတ်ဖုန်းအမျိုးအစား ဖြစ်ပေမယ့် သင့်တင့်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်နဲ့ ကောင်းမွန်တဲ့ လုပ်ဆောင်ချက်များစွာ ပါ၀င်သလို ကင်မရာကလည်း နေ့ဘက်နဲ့ ညပိုင်းရိုက်ကူးမှုအတွက် ကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေးရှိတာက ဒီဖုန်းရဲ့ အားသာချက်လို့ ပြောရမှာဖြစ်ပါတယ်။ OS ကလည်း နောက်ဆုံးထွက် Android OS 9.0 ပေါ်အခြေခံထားတဲ့ EMUI ကို သုံးထားတာကလည်း သဘောကျစရာပါ။

အားနည်းချက်

လုံခြုံရေးစနစ်ပိုင်းမှာ Face Unlock စနစ်ပဲ ပါ၀င်ပါတယ်။ လက်ဗွေ လုံခြုံရေးစနစ်တော့ ဒီဖုန်းမှာ မပါ၀င်ပါဘူး။ နောက်တစ်ခုက USB OTG စနစ် ထောက်ပံ့ပါ၀င်တာ မတွေ့ရပါဘူး။

ဒီဇိုင်းနဲ့ မျက်နှာပြင်

ပလတ်စတစ် ကျောဘက်ကိုယ်ထည်ပေါ်မှာ အပ်ချုပ်ရာပုံစံဒီဇိုင်းက သေသပ်လှပပြီး ဆွဲဆောင်မှုရှိတယ်ဆိုရမှာပါ။ အရောင်လေးမျိုးနဲ့ ထုတ်ထားပြီး အပ်ချုပ်ရာကျောဘက်ကာဗာဒီဇိုင်းက Midnight Black (အနက်) ရောင်နဲ့ Amber Brown (ပယင်းညိုရောင်) ကာလာမှာပဲ ပါ၀င်တာပါ။ တခြားနှစ်ရောင်ဖြစ်တဲ့ Sapphire Blue (အပြာ) နဲ့ Modern Black (အနက်) ရောင်တွေမှာတော့ မပါ၀င်ပါဘူး။ ကြီးမားတဲ့ မျက်နှာပြင်အရွယ်အစားရှိတဲ့ဖုန်း ဖြစ်သလို အလေးချိန်လည်း မဆိုစလောက်လေး ရှိတယ်လို့ ခံစားရပါတယ်။ ပါးလွှာတဲ့ကိုယ်ထည်က လက်ထဲမှာကိုင်ရတာ အံဝင်ခွင်ကျရှိလှပါတယ်။ ဖုန်းမြင်ကွင်းရဲ့ ညာဘက် ဘောင်ထဲမှာပဲ ပါ၀ါနဲ့ အသံအတိုးအကျယ် ခလုတ်တွေကို တပ်ဆင်ထားပြီး နားကြပ်ပေါက်ကတော့ ဖုန်းရဲ့ အပေါ်ဘက် ဘောင်ထဲမှာပါ။

၅.၇၁ လက်မရှိတဲ့ IPS LCD အမျိုးအစား Drwdrop display မျက်နှာပြင်က 720×1520 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှု ရာခိုင်နှုန်းကတော့ ရ၈.၁ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ aspect ratio ကတော့ 19:9 ရှိတဲ့ မျက်နှာပြင်ဖြစ်ပါတယ်။ အလေးချိန် ၁၄၆ ဂရမ် ရှိပါတယ်။

စွမ်းဆောင်ရည်

အမြန်နှုန်း 2.0 GHz ရှိတဲ့ Mediatek MT6761 Helio A22 Quad-core processor ကို ဒီဖုန်းမှာအသုံးပြုထားပြီး RAM အနေနဲ့ 2GB နဲ့ သိုလှောင်နိုင်မှုပမာဏ 32 GB ပါဝင်ပါတယ်။ ဂရပ်ဖစ်အနေနဲ့ PowerVR GE8320 GPU ထောက်ပံ့ ပါဝင်ပါတယ်။ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်သလို စပီကာပိုင်းက အသံထွက် ကျယ်လောင်မှုရှိပါတယ်။ Android 9.0 (Pie) အခြေပြု EMUI 10 အသုံးပြုထားပြီး ဒီဖုန်းမှာ စုံလင်လှတဲ့ လုပ်ဆောင်ချက်တွေအပြင် မျက်နှာဖြင့် ဖုန်းကို unlock လုပ်နိုင်တဲ့ Face unlock လည်း ထောက်ပံ့ပါ၀င်ပါတယ်။

ဒါ့အပြင် မျက်စိထိခိုက်မှုမရှိအောင် အဓိက ထောက်ပံ့ပေးတဲ့ TUV Rheinland ရဲ့ Safety Certified အသိအမှတ်ပြု Display နည်းပညာ၊ နေရောင်အောက်မှာ ဖုန်းအသုံးပြုမှုကို အကောင်းဆုံးဖြစ်စေမယ့် Sunlight Visibility နည်းပညာ၊ ဗီဒီယိုကြည့်ရှုမှုမှာ အကောင်းဆုံးအရည်အသွေးနဲ့ ကြည့်ရှုနိုင်အောင် အလိုအလျောက်မြှင့်တင်ပေးတဲ့ နည်းပညာ၊ အသံပိုင်းအတွက် 3D Surround Sound အနေနဲ့ ခံစားနားဆင်နိုင်မယ့် Huawei Histen နည်းပညာနဲ့ Party Mode လုပ်ဆောင်ချက်တွေ ထောက်ပံ့ပါ၀င်လာပါတယ်။

ကင်မရာ

ကျောဘက်မှာ Apeature f/1.8 ရှိတဲ့ အမျိုးအစား 13MP ကင်မရာကို တပ်ဆင်ထားပြီး ရှေ့ဘက်ကတော့ Apeature f/2.2 ရှိတဲ့ 5MP ကင်မရာကို အသုံးပြုထားတာဖြစ်ပါတယ်။ ကင်မရာစနစ်မှာ AI နည်းပညာထောက် ပ့ံပါ၀င်ပြီး နေ့ဘက်ရိုက်ကူးမှုအတွက် ကောင်းမွန်တဲ့ ရုပ်ထွက်အရည်အသွေး ရှိပါတယ်။
30fps ဗီဒီယိုကို 1080p အရည်အသွေးနဲ့ ရိုက်ကူးနိုင်မှာဖြစ်ပြီး ကင်မရာစနစ်မှာ PDAF၊ LED flash ၊ HDR နဲ့ Panorama စနစ်တွေ ထောက်ပံ့ပါ၀င်ပါတယ်။

ဘက်ထရီ

Li-Ion 3020mAh ပမာဏဘက်ထရီက HD ဗီဒီယို ဆက်တိုက် ကြည့်ရှုမှုကို ၁၆ နာရီ၊ 4G အင်တာနက် အသုံးပြုမှုကို ၁၀ နာရီကျော်၊ သီချင်းနားထောင်တာကို ရ၄ နာရီနဲ့ ဖုန်းခေါ်ဆိုမှုကို ၂၂ နာရီကျော် အသုံးပြုနိုင်မှာဖြစ်ပါတယ်။ ဒီပမာဏက ဘတ်ဂျက်ဖုန်းထဲမှာ ဆိုရင်တော့ နှစ်သက်စရာကောင်းလှတဲ့အပြင် တစ်နေ့တာအတွက် လုံလောက်မှုရှိတဲ့ ဘက်ထရီပမာဏလို့ဆိုရမှာ ဖြစ်ပါတယ်။

သုံးသပ်ချက်

Huawei Y5 2019 ဖုန်းက ၂ဝ၁၈ မော်ဒယ် Y5 Prime ထက်စာရင် Display ပိုင်း၊ ကင်မရာပိုင်း၊ စွမ်းဆောင်ရည်ပိုင်း ပိုပြီး မြင့်မားလာပေမယ့် ဘက်ထရီနဲ့ RAM ကတော့ Y5 Prime အတိုင်းပဲဖြစ်ပါတယ်။ သိုလှောင်မှုပိုင်းမှာ Y5 Prime မှာတုန်းက 16GB သာပါ၀င်ပေမယ့် Y5 2019 မှာ 32GB အထိ တိုးလာသလို microSD ကနေ 512GB အထိ ပိုမို တိုးမြှင့်အသုံးပြုလာနိုင်တာ အားရစရာပါ။ ဖုန်းရဲ့ စွမ်းဆောင်ရည်ပိုင်း၊ ဒီဇိုင်းပိုင်းနဲ့ ဘက်ထရီနဲ့ ကြာကြာ အသုံးပြုနိုင်တာတွေက သူ့ရဲ့စျေးနှုန်းနဲ့ နှိုှုင်းယှဉ်ကြည့်မယ်ဆိုရင်တော့ တော်တော်လေး တန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ နောက်ဆုံးထွက် 4G စနစ်သုံး ဖုန်းကို စျေးသက်သက်သာသာ ကိုင်ချင်သူတွေ ရွေးချယ်သင့်တဲ့ ဖုန်းတစ်လုံးဖြစ်ပါတယ်။