HUAWEI WATCH FIT ကို အရောင် ၃ မျိုးဖြင့် ဝယ်ယူနိုင်မည်

HUAWEI WATCH FIT ကို လက်ပတ်အရောင် အမည်း (Graphite Black)၊ အစိမ်းနု (Mint Green) နဲ့ လိမ္မော် (Cantaloupe Orange) စတဲ့ အရောင် ၃ မျိုးနဲ့ မြန်မာနိုင်ငံမှာ ရရှိမှာဖြစ်တယ်လို့ သိရပါတယ်။

တန်ဖိုးက ၁၁၉,၀၀၀ ကျပ် ဖြစ်ပြီး Huawei ရဲ့ ပထမဆုံး လေးထောင့်စပ်ကိုယ်ထည်နဲ့ Smart Sport Watch အမျိုးအစား ဖြစ်ပါတယ်။ အဆိုပါစမတ်နာရီမှာ Animation များဖြင့် သရုပ်ပြပေးတဲ့ Fitness Course သင်ခန်းစာ (Animated Fitness Courses) ၊ Workout Modes တွေ စုံစုံလင်လင် ပါဝင်လာတဲ့အပြင် ကျန်းမာရေးအတွက် အထောက်အကူဖြစ်စေမယ့် သိပ္ပံနည်းကျ တိုင်းတာမှုဖြစ်တဲ့ သွေးတွင်းအောက်စီဂျင်ပမာဏ (SpO2) တိုင်းတာနိုင်မှု၊ နှလုံးခုန်နှုန်းတိုင်းတာမှု၊ အိပ်ချိန်များကိုတွက်ချက်ပြီး ကိုယ့်ရဲ့အိပ်ချိန်တွေရဲ့ တန်ဖိုးကို တွက်ချက်ပေးနိုင်မှု (Sleep Quality)၊ ဖိအား (Stress Level) တိုင်းတာမှုအပြင်၊ အမျိုးသမီးများအတွက် ဓမ္မတာ (Menstrual cycle) ကိုပါ မှတ်သားသိရှိနိုင်မှု စတဲ့ လုပ်ဆောင်ချက်တွေ ထောက်ပံ့ပါဝင်လာပါတယ်။ HUAWEI WATCH FIT ကို မိမိရဲ့ သီးသန့် Personal Trainer တစ်ယောက်လို အားကိုး အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။

HUAWEI WATCH FIT ကို ဘက်ထရီဖြင့် ပုံမှန်အသုံးပြုမှုအတွက် အကြမ်းဖျင်းအားဖြင့် ၁၀ ရက်တိတိ သုံးစွဲနိုင်မှာလည်းဖြစ်တယ်လို့ သိရပါတယ်။

-ရဲထွဋ်ဝင်း

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««