Huawei Ultralight MateBook D Series ကို ပြည်တွင်းမှာမိတ်ဆက်

HUAWEI MateBook D 15 မော်ဒယ်ကို မတ်လနောက်ဆုံးပတ်အတွင်း အမေရိကန်ဒေါ်လာ ၅၉၉ နဲ့ ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ပြည်တွင်းမှာဝယ်ယူရရှိနိုင်ပြီဖြစ်တယ်လို့ Huawei ရဲ့ တရားဝင် သတင်းထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါ MateBook D15 မှာ ၁၅.၆ လက်မရှိတဲ့ FullView Display ပါဝင်ပြီး အဆိုပါ 16:9 IPS panel က ရုပ်ထွက်အရည်အသွေး resolution ကို 1920×1080 pixel အထိ ထောက်အပံ့ပေးနိုင်ပါတယ်။ AMD Ryzen™ 5 3500U processor အသုံးပြုထားပြီး GPU အတွက် AMD Radeon Vega 8 Graphics ပါဝင်ပါတယ်။ RAM 16GB ပါဝင်ပြီး သိုလှောင်မှုအတွက် 256GB SSD နဲ့ 1TB HDD တို့ထည့်သွင်းပေးထားပါတယ်။

လက်ဗွေလုံခြုံရေးစနစ် ထောက်ပံ့ပါဝင်ပါတယ်။ 65W USB-C charger ပါဝင်ပြီး ဘက်ထရီအားသွင်းချိန်မှာ Laptop အပူချိန်စိတ်ချရတဲ့ အခြေအနေကျော်လွန်ပါက အလိုအလျောက် ရပ်တန့်ပေးတဲ့ overheat protection စနစ်၊ MateBook နဲ့ Huawei စမတ်ဖုန်းကို screen တစ်ခုထဲတွင် share အသုံးပြုနိုင်တဲ့ Huawei Share စနစ် ၊ Laptop မတော်တဆ လွတ်ကျခြင်း၊ ပြုတ်ကျခြင်းတို့အတွက် hard disk မှာသိမ်းထားတဲ့ data များ ပျက်စီးမှုမှ ကာကွယ်ပေးတဲ့ G-sensor စနစ်အပြင် WiFi 802.11ac (MIMO) ၊ HDMI ပေါက်၊ USB 3.0 ပေါက်နဲ့ USB 2.0 ပေါက်တွေ ထောက်ပံ့ပါဝင်တယ်လို့ သိရပါတယ်။ OS ကိုတော့ Windows 10 Home Edition (64 bit) အသုံးပြုထားပါတယ်။

-ရဲထွဋ်ဝင်း