HUAWEI P40 Series စမတ်ဖုန်းများ မေလဆန်းတွင် ပြည်တွင်းစျေးကွက်ဝင်ရောက်နိုင်မည်

HUAWEI P40 Series စမတ်ဖုန်းတွေအနေနဲ့ မြန်မာပြည်စျေးကွက်အတွင်းကို ဧပြီလအကုန် မေလဆန်းမှာ ဝင်ရောက်လာမယ်လို့ ခန့်မှန်းထားပြီး ရက်အတိအကျနဲ့ ဈေးနှုန်းအတိအကျကို Huawei Consumer Business Group (Myanmar) ရုံးမှ ထုတ်ပြန်ကြေညာပေးသွားမယ်လို့ သိရပါတယ်။

အဆိုပါစမတ်ဖုန်းတွေကို နိုင်ငံတကာမှာ ရောင်းချမယ့် ဈေးနှုန်းတွေက HUAWEI P40 Pro+ 8GB/512GB 1,399 EUR , HUAWEI P40 Pro 8GB/256GB 999 EUR , HUAWEI P40 8GB/128GB 799 EUR တို့ဖြစ်ပါတယ်။ HUAWEI ရဲ့ မျိုးဆက်သစ် စမတ်ဖုန်းတွေဖြစ်တဲ့ P40 Series တွေမှာ အရွယ်အစားအကြီးဆုံး CMOS Sensor အသုံးပြုထားပြီး အရည်အသွေးမြင့် ဓာတ်ပုံ၊ ဗီဒီယိုများ ဖန်တီးရိုက်ကူးနိုင်ရန် စွမ်းဆောင်ရည်မြင့်ကင်မရာများ သုံးထားသလို 5G ကွန်ရက်ကိုပါ အသုံးပြုနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

“HUAWEI ရဲ့ P Series ထုတ်ကုန်တွေဟာ အသစ်အသစ်သော နည်းပညာဖန်တီးမှုနဲ့ စမတ်ဖုန်းဖြင့် ကင်မရာရိုက်ကူးမှု အတွက် Premium Hardware တွေကို အချိုးတကျ ပေါင်းစပ်ထားတဲ့ စမတ်ဖုန်းတွေပါ။ နောက်တစ်မျိုး ပြောရရင် ဒီဇိုင်းပိုင်းနဲ့ နည်းပညာဖွံ့ဖြိုးမှုအပိုင်းမှာ အကောင်းဆုံးသော ထုတ်ကုန်တွေပါ။ Camera Sensor တွေဟာ စွမ်းဆောင်ရည်ကောင်းတဲ့အပြင် Leica နဲ့ ပူးတွဲ ဖန်တီးထားတယ်။ Kirin 990 5G လို စွမ်းဆောင်ရည် အရမ်းမြင့်မားတဲ့ Chipset အသုံးပြုထားပြီး HUAWEI XD Fusion Engine အသစ်တွေကြောင့် P40 Series တွေဟာ ကျွန်တော်တို့ မျှော်မှန်းထားတဲ့ ရည်ရွယ်ချက်ကို ပြည့်စုံစေခဲ့တယ်။ သုံးစွဲသူတွေ အနေနဲ့လည်း ကျွန်တော်တို့ရဲ့ ဖန်တီးမှုအနုပညာ ခံစားသိမြင်လာစေဖို့ All-day Super Definition အတွေ့ကြုံသစ်နဲ့လည်း ပေါင်းစည်းထားတဲ့ ထုတ်ကုန်တွေပဲဖြစ်ပါတယ်” လို့ HUAWEI Consumer Business Group ရဲ့ အမှုဆောင်အရာရှိချုပ် “Richard Yu” ကပြောကြားခဲ့ပါတယ်။

HUAWEI P40 Series တွေနဲ့အတူ HUAWE WATCH GT2e နဲ့ HUAWEI Sound X တို့အပြင် ၂၀၂၀ ဆောင်းအကုန် နွေအကူးရာသီအတွက် HUAWEI X GENTLE MONSTER Eyewear ကိုပါ မိတ်ဆက်သွားခဲ့ပြီး အခုထုတ်ကုန်တွေဟာ သုံးစွဲသူတွေနဲ့ အကိုက်ညီဆုံးဖြစ်စေမယ့် လိုအပ်ချက်အတိုင်း Digital Life ကို ပြည့်စုံစေဖို့ ဖန်တီးထားတာဖြစ်တယ်လို့ သိရပါတယ်။

-အောင်သူ