Huawei P40 Pro နဲ့ Premium မှာငွေပေးချေဖို့ 3D sensor ပါဝင်လာနိုင်

မတ် ၂၆ ရက်မှာ ထုတ်ဖော်မိတ်ဆက်မယ့် Huawei P40 Pro နဲ့ Premium ဖုန်းတွေရဲ့ ရှေ့ဘက်မှာ face unlock အတွက် 3D ToF ပါဝင်လာမယ်လို့ သိရပါတယ်။

အဲဒီ sensor ကိုငွေပေးချေတဲ့နေရာမှာလည်း အသုံးပြုနိုင်ပါမယ်။ ဖုန်းမှာပါဝင်မယ့် 3D ToF sensor ကို punch hole ထဲမှာ ထည့်သွင်းထားပါတယ်။ ဖုန်းသရုပ်ဖော်ပုံတွေကို @evleaks ကဖော်ပြခဲ့ပါတယ်။P40 Pro နဲ့ Premium တွေမှာ ရှေ့ကင်မရာ 32MP အပြင် ToF sensor လည်းပါဝင်လာပါတယ်။ ဖုန်းရှေ့ဘက်မှာ gesture motion sensor အပြင် အခြား hardware တွေ (ambient light နဲ့ proximity sensors) ပါဝင်လာပါဦးမယ်။

P40 Pro နဲ့ Premium ထိပ်ဘက်ဘေးဘောင်က အလွန်လုံးဝန်းနေပါတယ်။ Teme ကလည်း P40 Pro ဖုန်းရဲ့ ထိပ်ဘက်ကို အနီးကပ်ပြသထားပါတယ်။

P40 Pro နဲ့ Premium မော်ဒယ်ကွာခြားချက်က ကျောဘက်ကင်မရာပါ။ Huawei P40 Premium မှာစုစုပေါင်း ကင်မရာ ၅လုံးပါဝင်ပြီး ဒုတိယမြောက် telephoto ကင်မရာပါဝင်လာပါတယ်။ Pro မော်ဒယ်မှာတော့ စုစုပေါင်း ကင်မရာ ၄လုံးပါဝင်ပြီး zoom အစိတ် အပိုင်းတစ်ခုပါဝင်လာပါတယ်။ P40 မော်ဒယ်မျာတော့ ကင်မရာ ၃လုံးပဲ ပါဝင်လာမှာပါ။
စိုးထက်
Ref: GSMArena