Huawei P40 သရုပ်ဖော်ပုံအသစ်တွေ ထွက်ရှိလာ

အသစ်ထွက်ရှိမယ့် Huawei P40 အတွက် သရုပ်ဖော်ပုံသစ်တွေ ထပ်မံ ထွက်ပေါ်လာပါတယ်။ ဖုန်းရဲ့ ကျောဘက်ကင်မရာမှာ ကင်မရာ ၃ လုံးပါဝင်ပြီး ထောင့်မှန်စတုဂံအကွက်ထဲ ကင်မရာတွေ ထည့်သွင်းထားပါတယ်။ ၂၀၂၀ မှာ အလားတူ ကင်မရာဒီဇိုင်းနဲ့ ဖုန်းတွေထွက်ရှိလာနိုင်ပါတယ်။

Huawei P40 ရှေ့ဘက်မှာ selfie ကင်မရာ ၂ လုံး ပါဝင်လာပါတယ်။ မျက်နှာပြင်အရွယ်အစားက ၆.၁ လက်မ ဒါမှမဟုတ် ၆.၂ လက်မ ရှိပါတယ်။ Huawei P40 ကျောဘက်မှာ 3D ToF sensor ကင်မရာအပြင် အဓိက ကင်မရာနဲ့ ultrawide တို့ပါဝင်လာပါတယ်။ ဖုန်းရဲ့ တတိယမြောက် ကင်မရာကတော့ 80mm telephoto lens (3x zoom) ဖြစ်နိုင်ပါတယ်။ ရှေ့ကင်မရာမှာတော့ အဓိကနဲ့ ultra wide lens ကိုအသုံးပြုထားပါတယ်။

ဖုန်းရဲ့ 3.5mm နားကြပ်ပေါက် ပါဝင်ဖွယ်မရှိပါဘူး။ Huawei P40 ဖုန်းမှာ Kirin 990 chipset အပြင် Huawei Mobile Services နဲ့ Android 10 ကိုအသုံးပြုဖွယ်ရှိပါတယ်။ P40 နဲ့ P40 Pro တို့ကို မတ်လမှာ ထုတ်ဖော်မိတ်ဆက်မှာ ဖြစ်ပါတယ်။ Pro ဗားရှင်းမှာတော့ ကင်မရာအပို ၂ လုံး ထပ်မံပါဝင်ပြီး ရှေ့ဘက်မှာ မျက်နှာပြင်ကွေးကို အသုံးပြုဖွယ်ရှိပါတယ်။

စိုးထက်
Ref: GSMArena