Huawei P40 နဲ့ P40 Pro အသေးစိတ်အချက်အလက်တွေ ထွက်ပေါ်လာ

Huawei ဟာ မတ်လ ၂၆ ရက်မှာ P40 ဖုန်းတွေ ထုတ်ဖော်မိတ်ဆက်ပါမယ်။ ဒါပေမဲ့ သတင်းအချက်အလက်ဖော်ထုတ်တဲ့ Roland Quandt ကတော့ ဖုန်းအသေးစိတ်အချက်အလက်နဲ့ ဈေးနှုန်းတွေ ဖော်ပြလိုက်ပါတယ်။

ဥရောပမှာ ရောင်းချမယ့် Huawei P40 နဲ့ P40 Pro ဖုန်းတွေမှာ Kiriin 990 5G chipset ပါဝင်ပြီး 5G ချိတ်ဆက်နိုင်ပါတယ်။ တချို့ဒေသတွေမှာတော့ LTE အသုံးပြုနိုင်မယ့် P40 နဲ့ P40 Pro ဖုန်းတွေ ရပါမယ်။ Quandt ရဲ့အချက်အလက်တွေက P40 နဲ့ Pro မော်ဒယ်တွေအကြောင်းပဲ ဖြစ်ပြီး Premium ဗားရှင်းအကြောင်းကို မဖော်ပြထားပါဘူး။

Huawei P40 Pro

Huawei P40 Pro ကိုတော့ ယူရို ၁၀၀၀ နဲ့ရောင်းချမှာ ဖြစ်ပါတယ်။ ဖုန်းမှာ ၆.၅၈ လက်မ OLED display နဲ့အတူ 90Hz refresh rate နဲ့ ရုပ်ထွက်အရည်အသွေး 1,200x 2,640px ဖြစ်ပါတယ်။ ဖုန်းရှေ့ဘက်မှာ punch hole နှစ်ခု ပါဝင်ပြီး 32MP selfie ကင်မရာ၊ depth sensor နဲ့ face unlock အတွက် 3D sensor တို့ကို ထည့်သွင်းထားပါတယ်။ ကျောဘက်မှာတော့ RYYB sensor တွေနဲ့ အစိတ်အပိုင်း ၂ ခု ပါဝင်လာပါတယ်။ ပထမဆုံးကင်မရာကတော့ 50MP “UltraVision” နဲ့ f/1.9 aperture နဲ့ OIS တို့ပါဝင်လာပါတယ်။ ဒါ့အပြင် pixel binning အပြင် Octa Phase Detection စနစ်လည်းပါဝင်လာပါတယ်။ AI ထောက်ပံ့ထားတဲ့အတွက် ၁.၇ စက္ကန့် အတွင်း ဓာတ်ပုံတွေရိုက်ကူးပေးပါတယ်။

     

အခြား RYYB sensor ကတော့ 40MP ရုပ်ထွက်အရည်အသွေးဖြစ်ပြီး ဗီဒီယိုတွေအတွက်လည်း အဓိက အသုံးပြုထားပါတယ်။ P40 Pro မှာတော့ ရှေ့နဲ့ နောက်ကင်မရာနဲ့ 4K ဗီဒီယိုတွေ ရိုက်ကူးနိုင်ပြီး ကျောဘက်ကင်ရာမှာဆိုရင် ISO ၅၁,၂၀၀ အထိ ပါဝင်လာပါတယ်။

ဒါ့အပြင် SuperSensing zoom မှာတော့ 50x hybrid zoom ပါဝင်လာပါတယ်။ ကင်မရာတွေအားလုံးကို အသုံးပြုပေမယ့် 12MP telephoto ကို ပိုမိုအားပြုထားပါတယ်။ ဖုန်းကျောဘက်မှာ macro ကင်မရာနဲ့ depth sensor တို့ပါဝင်လာပါတယ်။ Huawei P40 Pro အလေးချိန်ကတော့ ၂၀၃ ဂရမ်ရှိပြီး 40W SuperCharge အတွက် ဘက်ထရီ 4,200mAh ပါဝင်လာပါတယ်။ ဖုန်းက ရေနဲ့ ဖုန်ဒဏ်ကိုလည်း ခံနိုင်ရည်ရှိပါတယ်။

Huawei P40

Huawei P40 ကတော့ Pro ဗားရှင်းထက် သေးငယ် ပေါ့ပါးပါတယ်။ ဖုန်းမျက်နှာပြင် ၆.၁ လက်မ OLED display နဲ့အတူ 1080+ ရုပ်ထွက်အရည်အသွေးပါဝင်ပြီး refresh rate ကတော့ 60Hz ဖြစ်ပါတယ်။ ရှေ့ကင်မရာမှာတော့ 3D sensor မပါဝင်ပါဘူး။

ကျောဘက်ကင်မရာက 50MP UltraVision ကင်မရာပါဝင်ပေမယ့် telephoto 8MP sensor (OIS ပါဝင်) ပဲ ပါဝင်လာပါတယ်။ ဒါ့အပြင် 16MP sensor ultra wide ကင်မရာလည်း ပါဝင်လာပါသေးတယ်။

ဘက်ထရီပမာဏကတော့ 3,800mAh ဖြစ်ပြီး 22.5W အားသွင်းမြန်ဆန်စနစ် ပါဝင်လာပါတယ်။ ဖုန်းက ဖုန်နဲ့ရေဒဏ် အကြမ်းခံတဲ့ စံသတ်မှတ်ချက်မရှိသလို အအေးပေးတဲ့စနစ်လည်း မပါပါဘူး။

       
Huawei P40 ကိုတော့ RAM 8GB နဲ့ storage 128GB တစ်မျိုးပဲ ထုတ်လုပ်ပြီး P40 Pro မှာတော့ 256GB မော်ဒယ်ထွက်ရှိပါမယ်။

Quandt ရဲ့ဖော်ပြချက်အရ ဖုန်းမှာ NanoMemory-2 ဆိုတဲ့ memory card စနစ်သစ်ကို အသုံးပြုထားပါတယ်။ ဖုန်း၂ လုံးစလုံးမှာ Androidi 10 ပါဝင်ပြီး app နဲ့ ဂိမ်းအတွက် Huawei ရဲ့ AppGallery ကိုအားထားရပါမယ်။

စိုးထက်
Ref: GSMArena