Huawei P20 Series ဓါတ္ပံုၿပိဳင္ပြဲျပဳလုပ္မည္

[ Zawgyi ]

Huawei P Series အသံုးျပဳသူေတြအတြက္ ရည္ရြယ္ၿပီးေတာ့ Huawei P20 Series Photo Contest ၿပိဳင္ပြဲ ျပဳလုပ္မယ္လို႔ သိရပါတယ္။

အဲ့ဒီၿပိဳင္ပြဲကို ဇြန္ ၂၈ ရက္ကေန ဇူလိုင္ ၁၂ ရက္အထိျပဳလုပ္သြားမွာျဖစ္ၿပီး“Huawei P Serise Fan Club Myanmar” Facebook Group Page မွာျပဳလုပ္သြားမွာျဖစ္ပါတယ္။ ၿပိဳင္ပြဲ၀င္ေတြ အေနနဲ႔ Potrait, Landscape နဲ႔Monochrome (Black & White) ဓာတ္ပံုသံုးပံုကို #Pfans4ever လို႔တစ္ပါတည္းေရး ကာယွဥ္ၿပိဳင္ရမွာျဖစ္ပါ တယ္။ အႏိုင္ရရိွသူကိုေတာ့ ဇူလိုင္ ၂၀ မွာေၾကျငာသြားမွာ ျဖစ္ကာ ဓာတ္ပံုမွာရရွိတဲ့ Like အေရအတြက္၊ ဓာတ္ပံုပညာရွင္ကိုေဝလင္း ဆံုးျဖတ္ခ်က္နဲ႔ အမွတ္ေပး ေရြးခ်ယ္သြားမွာျဖစ္ပါတယ္။

အႏိုင္ရရွိသူကိုေတာ့ ဆုအျဖစ္ DJI Spark Combo ကိုေပးအပ္သြားမွာ ျဖစ္ေၾကာင္းသိရပါတယ္။  “ဒီၿပိဳင္ပြဲကေန P Series Fans ေတြရဲ႕ေျပာင္ေျမာက္တဲ့ဓာတ္ပံုေတြကိုရရွိဖို႔နဲ႔ အမွတ္တရေတြ ကို ပိုေ၀မွ်လို႔ရေအာင္ ရည္ရြယ္ၿပီးေတာ့ လုပ္တာပါ” လို႔ Huawei Device Myanmar ရဲ႕ Marketing Director ျဖစ္သူ ေဒၚခင္ရတနာဝင္းက ေျပာပါတယ္။

-ေအာက္သက္ကို

[ Unicode ]

Huawei P Series အသုံးပြုသူတွေအတွက် ရည်ရွယ်ပြီးတော့ Huawei P20 Series Photo Contest ပြိုင်ပွဲ ပြုလုပ်မယ်လို့ သိရပါတယ်။

အဲ့ဒီပြိုင်ပွဲကို ဇွန် ၂၈ ရက်ကနေ ဇူလိုင် ၁၂ ရက်အထိပြုလုပ်သွားမှာဖြစ်ပြီး“Huawei P Serise Fan Club Myanmar” Facebook Group Page မှာပြုလုပ်သွားမှာဖြစ်ပါတယ်။ ပြိုင်ပွဲဝင်တွေ အနေနဲ့ Potrait, Landscape နဲ့Monochrome (Black & White) ဓာတ်ပုံသုံးပုံကို #Pfans4ever လို့တစ်ပါတည်းရေး ကာယှဉ်ပြိုင်ရမှာဖြစ်ပါ တယ်။ အနိုင်ရရှိသူကိုတော့ ဇူလိုင် ၂၀ မှာကြေငြာသွားမှာ ဖြစ်ကာ ဓာတ်ပုံမှာရရှိတဲ့ Like အရေအတွက်၊ ဓာတ်ပုံပညာရှင်ကိုဝေလင်း ဆုံးဖြတ်ချက်နဲ့ အမှတ်ပေး ရွေးချယ်သွားမှာဖြစ်ပါတယ်။

အနိုင်ရရှိသူကိုတော့ ဆုအဖြစ် DJI Spark Combo ကိုပေးအပ်သွားမှာ ဖြစ်ကြောင်းသိရပါတယ်။ “ဒီပြိုင်ပွဲကနေ P Series Fans တွေရဲ့ပြောင်မြောက်တဲ့ဓာတ်ပုံတွေကိုရရှိဖို့နဲ့ အမှတ်တရတွေ ကို ပိုဝေမျှလို့ရအောင် ရည်ရွယ်ပြီးတော့ လုပ်တာပါ” လို့ Huawei Device Myanmar ရဲ့ Marketing Director ဖြစ်သူ ဒေါ်ခင်ရတနာဝင်းက ပြောပါတယ်။

-အောက်သက်ကို