Huawei P10 ကို အရောင်သုံးမျိုးဖြင့် ရရှိနိုင်မည်

Mobile World Congress မှာ ပွဲထုတ်မိတ်ဆက်မယ့် P10 စမတ်ဖုန်းသစ်ကို Huawei က ကြော်ငြာဗီဒီယို တစ်ခုနဲ့ အတည်ပြုခဲ့ပြီးနောက် P10 ကို အပြာရောင်၊ ရွှေရောင်၊ အစိမ်းရင့်ရောင်တို့နဲ့ ရရှိနိုင်မယ်လို့ Evan Blass က Twitter ကနေ ဖော်ပြခဲ့ပါတယ်။

https://twitter.com/evleaks/status/832107085039026177

ဒါ့အပြင် P10 မှာ P9 လိုမျိုး dual-camera စနစ်တစ်ခု ပါဝင်လာမယ်လို့ Huawei က အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။ P9 မှာ လက်ဗွေစနစ်ကို ကျောဘက်မှာ ထည့်သွင်းထားပေမယ့် P10 မှာတော့ အရှေ့ဘက်မှာ အသုံးပြုထားတယ်လို့ ဆိုပါတယ်။

Huawei ဟာ MWC သတင်းစာ ရှင်းလင်းပွဲကို ဖေဖော်ဝါရီ ၂၆ ရက်မှာ ကျင်းပဖို့ စီစဉ်ထားပြီး တရုတ်ကုမ္ပဏီက အဲ့ဒီပွဲမှာ P10 ကို မိတ်ဆက် သွားမယ်လို့ သိရှိရပါတယ်။

Ref: TheVerge