
Price – 499,000 Ks (8/128GB)
အားသာချက်
ကင်မရာစွမ်းဆောင်ရည် မြင့်မားကောင်းမွန်တာ၊ Benchmark ရမှတ် မြင့်မားသလို ဘက်ထရီနဲ့ အချိန်ကြာကြာ သုံးနိုင်တာတွေက နှစ်ခြိုက်စရာပါ။ 5G ကိုထောက်ပံ့ပေးနိုင်တာနဲ့ ဈေးနှုန်း သင့်တင့်မျှတမှုရှိတာက ဒီဖုန်းရဲ့ အားသာချက်ပါ။
အားနည်းချက်
NFC စနစ်မပါဝင်တာ၊ ကင်မရာမှာ OIS စနစ် ထောက်ပံ့ပါဝင်မှု မရှိတာနဲ့ Goolg Mobile Services တွေ မပါဝင်တာက ဒီဖုန်းရဲ့ အားနည်းချက်ပါ။
စွမ်းဆောင်ရည်
|
|
|
|
|
ဒီဖုန်းမှာ အမြန်နှုန်း 2.3GHz ရှိတဲ့ အလယ်အလတ်တန်းစား chipset ဖြစ်တဲ့ Kirin 820 Ocat-core processor, Adreno 650 GPU စနစ်၊ RAM 8GB နဲ့ အချက်အလက် သိုလှောင်နိုင်မှုကတော့ 128GB ပါဝင်ပါတယ်။ Huawei ကတော့ Kirin 820 က Kirin 810 ထက် အလုံးစုံ စွမ်းဆောင်ရည်ပိုင်း ၂၁ ရာခိုင်နှုန်း ပိုမိုမြင့်မားမှုရှိသလို 5G စနစ်ကို ထောက်ပံ့ပေးနိုင်တယ်လို့ ဆိုပါတယ်။ GeekBen 5 (multi-core) ရမှတ် ၂၂၁၁၊ AnTuTu ရမှတ် ၃၆၂၁၀၀ နဲ့ 3D Mark SSE (OpenGL ES 3.1) ရမှတ် ၄၁၁၄ ရှိပါတယ်။ Nova 7 SE က နေ့စဉ် လိုအပ်ချက် အတွက် အကောင်းဆုံး ဖြည့်ဆည်းပေးနိုင်တဲ့ စွမ်းဆောင်ရည်ရှိတဲ့ ဖုန်းတစ်လုံးလို့ ဆိုရမှာပါ။ ဖုန်းရဲ့အောက်ဘက်ဘောင်ထဲက စပီကာအသံထွက်ပိုင်းကလည်း ကျယ်လောင် ကောင်းမွန်မှုရှိပေမယ့် ဘေ့စ်သံထွက်ပိုင်းကတော့ ကောင်းကောင်း မထောက်ပံ့နိုင်ပါဘူး။ OS စနစ်က Huawei flagship ဖုန်းတွေရဲ့ သွင်ပြင်အတိုင်းရှိပေမယ့် Google Mobile Services တော့ မပါဝင်ပါဘူး။ Huawei Mobile Services (HMS) ပါဝင်ပါတယ်။
ဒီဇိုင်းနဲ့ မျက်နှာပြင်
|
|
|
|
|
Nova 7 SE က P40 flagship မော်ဒယ်တွေနဲ့ တူညီတဲ့ သွင်ပြင်လက္ခဏာတွေရှိတဲ့ ဖုန်းတစ်လုံးပါ။ ဒီဇိုင်းက မြင်လိုက်တာနဲ့ အထူးဆွဲဆောင်နိုင်သလို လက်ထဲမှာကိုင်ရတာလည်း အံဝင်ခွင်ကျရှိလှပါတယ်။ ကျောဘက်ကင်မရာလေးလုံးကို ဒေါင်လိုက် ထည့်သွင်းထားပြီး ရှေ့ဘက်ကင်မရာကိုတော့က punch-hole အနေနဲ့ Screen ထဲမှာ ထည့်သွင်းထားပါတယ်။ ဖုန်းရဲ့ ညာဘက်ဘောင်ထဲက အသံအတိုးအကျယ်ခလုတ် အောက်ဘက်နားမှာ ပါဝါခလုတ်ကို လက်ဗွေစနစ်နဲ့တွဲကာ ထည့်သွင်းထားပြီး ဘယ်ဘက်ဘောင်ထဲမှာ SIM ကတ်ပေါက်နဲ့ အောက်ဘက်ဘောင်ထဲမှာ အားသွင်းပေါက်နဲ့ နားကြပ်ပေါက်တွေ ရှိပါတယ်။
ဒီဖုန်းရဲ့ ၆.၅ လက်မရှိတဲ့ LTPS IPS LCD Display က ရုပ်ထွက်အရည်အသွေး 1080×2400 pixel အထိ ထောက်ပံ့ပေးနိုင်ပါတယ်။ ဖုန်းကိုယ်ထည်မှာ မြင်ကွင်းပါဝင်မှုက ၈၃.၈ ရာခိုင်နှုန်းရှိပြီး Screen ရဲ့ pixel densiy က 405 ppi ရှိပါတယ်။ ကာလာပိုင်းစိုပြည်သလို ကြည်လင်ပြတ်သားမှုရှိတဲ့ 1080p Full HD screen မျက်နှာပြင်က HDR 10 ထောက်ပံ့ပါဝင်ပါတယ်။
ကင်မရာ
|
|
|
|
|
|
|
Nova 7 SE ရဲ့ ကျောဘက် AI Quad ကင်မရာစနစ်မှာ Telephoto ကင်မရာ မပါဝင်တာက လွဲရင် ရုပ်ထွက်အရည်အသွေး ကောင်းမွန်တဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ နေ့ဘက်နဲ့ ညပိုင်းရိုက်ကူးမှုက ကျေနပ်စရာကောင်းလှသလို သူ့မှာထောက်ပံ့ပါဝင်တဲ့ အလယ်အလတ်တန်းစား ဖုန်းတွေထဲမှာ ပြိုင်ဘက်ကင်းတဲ့ Night mode ကလည်း ကျေနပ်စရာပါ။ ကင်မရာစနစ်မှာ Huawei P စီးရီးဖုန်းတွေလိုမျိုး လုပ်ဆောင်ချက်တွေထောက်ပံ့ပါဝင်ပြီး ပေးရတဲ့ဈေးနဲ့ဆိုရင်တော့ Nova 7 SE ကင်မရာက ကျေနပ်စရာပါ။ လှုပ်ရှားမှုဓာတ်ပုံတွေကို အကောင်းဆုံး ရိုက်ကူးနိုင်ပြီး ကင်မရာနစ်စမှာ PDAF စနစ်သာ ထောက်ပံ့ပါဝင်ပေမယ့် OIS စနစ်တော့ ပါဝင်ခြင်းမရှိပါဘူး။
ရှေ့ဘက် 16MP AI selfie ကင်မရာက Portrait mode က selfie ပုံကို flagship လိုမျိုးရိုက်ကူးနိုင်စေတာ ကျေနပ်စရာကောင်းလှသလို ရှေ့နောက် ကင်မရာနှစ်ခုစလုံးကိုလည်း အသုံးပြုရိုက်ကူးနိုင်တာလည်း သဘောကျစရာပါ။
ရှေ့ကင်မရာနဲ့ 1080p အရည်အသွေး ဗီဒီယိုကို ရိုက်ကူးနိုင်ပြီး ကျောဘက်ကင်မရာနဲ့ 4K/1080p/720p ဗီဒီယို 960fps အနှေးရိုက်ချက် ဗီဒီယိုတွေကိုလည်း ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။
ဘက်ထရီ
Li-Po 4000mAh | 40W Fast Charging |
5W Reverse charging | 2.0, Type-C, USB On-The-Go |
Nova 7 SE မှာ 4000mAh ပမာဏ ဘက်ထရီကို အသုံးပြုထားပြီး USB Type-C အားသွင်းစနစ်မှာ 40W အားသွင်းမြန်ဆန်တဲ့ နည်းပညာနဲ့ အခြားဖုန်းကို အားပြန်သွင်းပေးနိုင်တဲ့ Reverse အားသွင်းစနစ်တွေ ထောက်ပံ့ပါဝင်ပါတယ်။ WiFi နဲ့ Bluetooth ချိတ်ဆက်ထားပြီး Display တောက်ပမှုနဲ့ အသံအမြင့်ဆုံး ၁၀၀ ရာခိုင်နှုန်းနဲ့ 720p ဗီဒီယိုကို အဆက်မပြတ် ဖွင့်ထားတာကို ၁၂ နာရီအထက် အသုံးပြုနိုင်တာက ဖုန်းကို တစ်နေ့လုံး စိတ်ကြိုက် အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ 40W အားသွင်းစနစ်က ဘက်ထရီ ဝ ရာခိုင်နှုန်းကနေ ၅၀ ရာခိုင်နှုန်းကို ၂၅ မိနစ်အတွင်း သွင်းပေးနိုင်ပြီး အားအပြည့်သွင်းဖို့ ဆိုရင် မိနစ် ၆၀ လောက်ပဲ ကြာမြင့်မှာပါ။
သုံးသပ်ချက်
Huawei Nova 7 SE က flagship စွမ်းဆောင်ရည်နီးပါး ကောင်းမွန်တဲ့ upper mid-range ဖုန်းဖြစ်ပါတယ်။ ပျှမ်းမျှရှိသင့်တာထက် ပိုတဲ့ ကျောဘက်ကင်မရာစနစ်နဲ့ ဘက်ထရီနဲ့ အချိန်ကြာကြာ သုံးနိုင်တာတွေက ပေးရတဲ့ဈေးနဲ့ သုံးရတာ တန်တယ်လို့ ခံစားရမှာပါ။ 5G စနစ်အတွက် ထောက်ပံ့ပေးနိုင်တဲ့ ဒီဖုန်းမှာ Google Moble Services တွေတော့ မပါဝင်ပါဘူး။ ဒီဖုန်းက ပြိုင်ဘက် mid-range ဖုန်းတွေဖြစ်တဲ့ Vivo V19, Sony Xperia 10 II စတဲ့ဖုန်းတွေနဲ့ ကောင်းကောင်းယှဉ်နိုင်တဲ့ ဖုန်းတစ်လုံးဖြစ်သလို သူတို့ထက်သာတာက 5G စနစ်ကို ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။ သင့်အနေနဲ့ Google ဆားဗစ်ကို app ကနေ မသုံးဘဲ Browser ကနေပဲ သုံးလည်း အဆင်ပြေတယ်ဆိုရင်တော့ စွမ်းဆောင်ရည်ကောင်းမွန်ပြီး ပေးရတဲ့ဈေးနဲ့ တန်အောင်သုံးရမယ့် ဒီဖုန်းက ထိပ်တန်းရွေးချယ်စရာတစ်ခု ဖြစ်ပါတယ်။ နောက်တစ်ခုက 5G ထောက်ပံ့မှုပါတဲ့ အလယ်အလတ်တန်းစားဖုန်းကို ကိုင်ချင်သူတွေအတွက်လည်း ဒီဖုန်းက ရွေးချယ်စရာတစ်ခုလို့ ဆိုချင်ပါတယ်။
Display 3.5 | ![]() |
Performance 4 | ![]() |
Camera 4 | ![]() |
Battery 4 | ![]() |
Hand on 4 | ![]() |
Oover all 4 | ![]() |
»»» အင်တာနက်ဂျာနယ်က နေ့စဉ်တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့ ထူးခြားတဲ့အကြောင်းအရာတွေကို အချိန်နဲ့ တပြေးညီ စာဖတ်ပရိသတ်တွေထံ အီးမေးလ်ကနေတစ်ဆင့်ရောက်ရှိလာဖို့ ဒီနေရာက တစ်ဆင့် Subscription လုပ် ထားလိုက်ပါ «««