Huawei nova 4e ကိုမတ္လ ၁၄ ရက္တြင္ မိတ္ဆက္မည္

[ Zawgyi ]

Huawei ဟာမတ္လ ၂၆ ရက္၊ ပါရီၿမိဳ႕မွာ P30 နဲ႔ P30 Pro ေတြကို ေရာင္းခ်သြားမွာျဖစ္ေပမယ့္ မတ္လ ၁၄ရက္မွာ nova 4e စမတ္ဖုန္းကုိ အရင္မိတ္ဆက္သြားမွာ ျဖစ္ပါတယ္။

Huawei ဟာ မတ္လ ၁၄ရက္မွာ nova 4e ကုိ တ႐ုတ္ျပည္မွာ ထုတ္ေဖာ္မိတ္ဆက္မယ္လို႔ အတည္ျပဳခဲ့ပါတယ္။ အလယ္အလတ္တန္းစားဖုန္းျဖစ္တဲ့ nova 4e ကိုကမၻာလုံးဆိုင္ရာ ေဈးကြက္ေတြမွာ P30 Lite အျဖစ္ေရာင္းခ်သြားမွာျဖစ္ပါတယ္။ လြန္ခဲ့တဲ့၂ ရက္ေလာက္က Huawei ဟာ nova 4e မွာပါဝင္တဲ့ ေရစက္ပုံစံ notch display နဲ႔ေရွ႕ကင္မရာ 32MP ကိုေဖာ္ျပထားတဲ့ ဗီဒီယိုအတုိကုိ မိတ္ဆက္ခဲ့ပါတယ္။

ကမၻာလုံးဆိုင္ရာ ေဈးကြက္အတြင္း nova 4e ကို P30 Lite အျဖစ္ ေရာင္းခ်မယ့္ထုတ္ကုန္မွာ ၆.၁၅ လက္မ Full HD+ display နဲ႔ ဘက္ထရီ 3,240 mAh ပါဝင္တယ္လို႔ TENAA က အတည္ျပဳထားပါတယ္။ P30 Lite မွာ Kirin 710 SoC နဲ႔ fingerprint scanner နဲ႔အတူ ကင္မရာ ၃ လုံး ပါဝင္လာပါတယ္။ P30 Lite မွာပါဝင္တဲ့ ကင္မရာ ၃လုံးကေတာ့ 20MP, 16 MP နဲ႔ 2MP လုိ႔ ေကာလာဟလ သတင္းထြက္ေပၚေနပါတယ္။

-စိုးထက္
Ref: GSMArena

[ Unicode ]

Huawei ဟာမတ်လ ၂၆ ရက်၊ ပါရီမြို့မှာ P30 နဲ့ P30 Pro တွေကို ရောင်းချသွားမှာဖြစ်ပေမယ့် မတ်လ ၁၄ရက်မှာ nova 4e စမတ်ဖုန်းကို အရင်မိတ်ဆက်သွားမှာဖြစ်ပါတယ်။

Huawei ဟာ မတ်လ ၁၄ရက်မှာ nova 4e ကို တရုတ်ပြည်မှာ ထုတ်ဖော်မိတ်ဆက်မယ်လို့ အတည်ပြုခဲ့ပါတယ်။ အလယ်အလတ်တန်းစားဖုန်းဖြစ်တဲ့ nova 4e ကိုကမ္ဘာလုံးဆိုင်ရာ ဈေးကွက်တွေမှာ P30 Lite အဖြစ် ရောင်းချသွားမှာဖြစ်ပါတယ်။ လွန်ခဲ့တဲ့၂ ရက်လောက်က Huawei ဟာ nova 4e မှာပါဝင်တဲ့ ရေစက်ပုံစံ notch display နဲ့ရှေ့ကင်မရာ 32MP ကိုဖော်ပြထားတဲ့ ဗီဒီယိုအတိုကို မိတ်ဆက်ခဲ့ပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်အတွင်း nova 4e ကို P30 Lite အဖြစ် ရောင်းချမယ့်ထုတ်ကုန်မှာ ၆.၁၅လက်မ Full HD+ display နဲ့ ဘက်ထရီ 3,240 mAh ပါဝင်တယ်လို့ TENAA က အတည်ပြုထားပါတယ်။ P30 Lite မှာ Kirin 710 SoC နဲ့ fingerprint scanner နဲ့အတူ ကင်မရာ ၃ လုံး ပါဝင်လာပါတယ်။ P30 Lite မှာပါဝင်တဲ့ ကင်မရာ ၃လုံးကတော့ 20MP, 16 MP နဲ့ 2MP လို့ ကောလာဟလ သတင်းထွက်ပေါ်နေပါတယ်။

Ref: GSMArena