Huawei Nova 3 နဲ႔ Nova 3i ကို ဇူလိုင္ ၂၆ တြင္ မိတ္ဆက္မည္

[ Zawgyi ]

Huawei ဟာ Nova 3 ကို ဇူလိုင္ ၁၈ ရက္၊ တ႐ုတ္ႏိုင္ငံမွာ ေရာင္းခ်သြားမွာျဖစ္ပါတယ္။ Huawei India နဲ႔ Amazon India တို႔ကလည္း ဒီ Nova စမတ္ဖုန္းသစ္ေတြကို ဇူလိုင္ ၂၆ ရက္ကစၿပီး အိႏၵိယမွာ ေရာင္းခ်သြားမယ္လို႔ တရားဝင္ အတည္ျပဳထားပါတယ္။

Huawei Nova 3 ဟာ Nova 2 ေနရာဆက္ခံသူအျဖစ္ ေရာက္ရိွလာမွာျဖစ္ပါတယ္။ မၾကာေသးခင္က ထြက္ေပၚခဲ့တဲ့ သတင္းေတြမွာေတာ့ Nova 3 မွာ ၆.၃ လက္မ 19.5:9 aspect ratio display ပါဝင္ၿပီး ေက်ာဘက္မွာ 3D glass panel ပါဝင္လာမယ္လို႔ ေဖာ္ျပထားပါတယ္။

ဒီစမတ္ဖုန္းမွာ Kirin 970 SoC ပါဝင္လာဖြယ္ရိွပါတယ္။ RAM က 6GB ျဖစ္ၿပီး storage ကိုေတာ့ 128GB နဲ႔ 64GB ဆိုၿပီး ရရိွႏိုင္ပါတယ္။ ေက်ာဘက္မွာ 24-megapixel + 16-megapixel ကင္မရာႏွစ္ခု တပ္ဆင္ထားၿပီး အေရွ႕ဘက္ကင္မရာက 2-megapixel ျဖစ္ပါတယ္။ ဘက္ထရီက 3,750mAh ျဖစ္ပါတယ္။

Huawei Nova 3i ကေတာ့ Nova 3 ထက္ specs နိမ့္တယ္လို႔ ယူဆရပါတယ္။ ဒါေပမဲ့လည္း ဒီဖုန္းက Kirin 710 SoC ပါဝင္တဲ့ ပထမဆံုးဖုန္း ျဖစ္လာႏိုင္ပါတယ္။ ၆.၃ လက္မ FHD+ resolution notched display ပါဝင္လာဖြယ္ရိွၿပီး ေက်ာဘက္ panel မွာေတာ့ 2.5D glass တပ္ဆင္ထားတယ္လို႔ ဆိုပါတယ္။

Nova 3i ရဲ႕ ေက်ာဘက္မွာ 16-megapixel + 2-megapixel ကင္မရာႏွစ္ခု ပါဝင္လာႏိုင္ပါတယ္။ အေရွ႕ဘက္ကင္မရာကေတာ့ Nova 3 နဲ႔ တူညီၿပီး ဘက္ထရီက 3,340mAh ျဖစ္တယ္လို႔သိရပါတယ္။

Nova 3 နဲ႔ 3i ဖုန္းေတြမွာ Android 8.1 Oreo အေျခခံ EMUI 8.2 ပါဝင္လာမွာ ျဖစ္ပါတယ္။ ဒါ့အျပင္ GPU Turbo နည္းပညာနဲ႔ 3D Qmoji တို႔လည္း ပါဝင္လာမွာပါ။ 3D Qmoji က iPhone X ရဲ႕ AI အေျခခံ Animoji 3D animated character ေတြနဲ႔ ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။

Nova 3i ရဲ႕ေစ်းႏႈန္းက ၂၉၉ ေဒၚလာကေန ၃၂၉ ေဒၚလာအတြင္း ရိွႏိုင္ပါတယ္။

-ေနာင္ေနာင္
Ref: GizmoChina

[ Unicode ]

Huawei ဟာ Nova 3 ကို ဇူလိုင် ၁၈ ရက်၊ တရုတ်နိုင်ငံမှာ ရောင်းချသွားမှာဖြစ်ပါတယ်။ Huawei India နဲ့ Amazon India တို့ကလည်း ဒီ Nova စမတ်ဖုန်းသစ်တွေကို ဇူလိုင် ၂၆ ရက်ကစပြီး အိန္ဒိယမှာ ရောင်းချသွားမယ်လို့ တရားဝင် အတည်ပြုထားပါတယ်။

Huawei Nova 3 ဟာ Nova 2 နေရာဆက်ခံသူအဖြစ် ရောက်ရှိလာမှာဖြစ်ပါတယ်။ မကြာသေးခင်က ထွက်ပေါ်ခဲ့တဲ့ သတင်းတွေမှာတော့ Nova 3 မှာ ၆.၃ လက်မ 19.5:9 aspect ratio display ပါဝင်ပြီး ကျောဘက်မှာ 3D glass panel ပါဝင်လာမယ်လို့ ဖော်ပြထားပါတယ်။

ဒီစမတ်ဖုန်းမှာ Kirin 970 SoC ပါဝင်လာဖွယ်ရှိပါတယ်။ RAM က 6GB ဖြစ်ပြီး storage ကိုတော့ 128GB နဲ့ 64GB ဆိုပြီး ရရှိနိုင်ပါတယ်။ ကျောဘက်မှာ 24-megapixel + 16-megapixel ကင်မရာနှစ်ခု တပ်ဆင်ထားပြီး အရှေ့ဘက်ကင်မရာက 2-megapixel ဖြစ်ပါတယ်။ ဘက်ထရီက 3,750mAh ဖြစ်ပါတယ်။

Huawei Nova 3i ကတော့ Nova 3 ထက် specs နိမ့်တယ်လို့ ယူဆရပါတယ်။ ဒါပေမဲ့လည်း ဒီဖုန်းက Kirin 710 SoC ပါဝင်တဲ့ ပထမဆုံးဖုန်း ဖြစ်လာနိုင်ပါတယ်။ ၆.၃ လက်မ FHD+ resolution notched display ပါဝင်လာဖွယ်ရှိပြီး ကျောဘက် panel မှာတော့ 2.5D glass တပ်ဆင်ထားတယ်လို့ ဆိုပါတယ်။

Nova 3i ရဲ့ ကျောဘက်မှာ 16-megapixel + 2-megapixel ကင်မရာနှစ်ခု ပါဝင်လာနိုင်ပါတယ်။ အရှေ့ဘက်ကင်မရာကတော့ Nova 3 နဲ့ တူညီပြီး ဘက်ထရီက 3,340mAh ဖြစ်တယ်လို့သိရပါတယ်။

Nova 3 နဲ့ 3i ဖုန်းတွေမှာ Android 8.1 Oreo အခြေခံ EMUI 8.2 ပါဝင်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် GPU Turbo နည်းပညာနဲ့ 3D Qmoji တို့လည်း ပါဝင်လာမှာပါ။ 3D Qmoji က iPhone X ရဲ့ AI အခြေခံ Animoji 3D animated character တွေနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Nova 3i ရဲ့စျေးနှုန်းက ၂၉၉ ဒေါ်လာကနေ ၃၂၉ ဒေါ်လာအတွင်း ရှိနိုင်ပါတယ်။

-နောင်နောင်
Ref: GizmoChina