Huawei Nova 3 တြင္ dual-lens ကင္မရာႏွစ္ခုႏွင့္ P20 ပံုစံ ဒီဇိုင္း ပါဝင္လာမည္

[ Zawgyi ]

ဇူလိုင္ ၁၈ ရက္မွာ မိတ္ဆက္မယ့္ Huawei Nova 3 ဟာ TENAA ေပၚမွာ ထြက္ေပၚလာခဲ့ပါတယ္။ TENAA ဟာ Huawei Nova 3 ကို PAR-TL00 နဲ႔ PAR-AL00 စတဲ့ ေမာ္ဒယ္နံပါတ္ေတြနဲ႔အတူ ဖုန္းရဲ႕ specification အားလံုးနီးပါးကို ေဖာ္ျပသြားခဲ့ပါတယ္။ ဒီဖုန္းမွာ 2.36GHz octa-core processor ကို အသံုးျပဳထားၿပီး ဒါဟာ HiSilicon Kirin 970 ျဖစ္မယ္လို႔ ယူဆရပါတယ္။ ဒီပ႐ိုဆက္ဆာဟာ HiSilicion ရဲ႕ ေနာက္ဆံုးေပၚ flagship SoC ျဖစ္ၿပီး ARM Cortex-A73 core ေလးခုနဲ႔ ARM Cortex-A53 core ေလးခုအျပင္ Mali-G72MP12 GPU တို႔ပါဝင္ပါတယ္။ ဒါ့အျပင္ Kirin 970 မွာ Neural Processing Unite (NPU) တစ္ခုနဲ႔ i7 co-processor တစ္ခုလည္း ပါဝင္ပါတယ္။ GPU Turbo အတြက္ အေထာက္အပံ့လည္း Nova 3 မွာ ပါဝင္လာဖြယ္ ရိွပါတယ္။

ဒီဖုန္းမွာ 6GB RAM နဲ႔အတူ 64GB/128GB သိုေလွာင္မႈပမာဏနဲ႔ ရရိွႏိုင္မယ္လို႔ ဆိုပါတယ္။ ဒါ့အျပင္ 256GB အထိ သိမ္းဆည္းႏိုင္ေစမယ့္ microSD card slot တစ္ခုလည္း ပါဝင္လာမွာျဖစ္ပါတယ္။

Nova 3 ရဲ႕ဒီဇိုင္းဟာ P20 စမတ္ဖုန္းနဲ႔ ဆင္တူပါတယ္။ ၆.၃ လက္မ Full HD+ (2340 x 1080) 19.5:9 LCD နဲ႔အတူ display notch တစ္ခုနဲ႔ 2.5D curved glass တို႔ပါဝင္လာမွာျဖစ္ပါတယ္။ ေက်ာဘက္ကင္မရာႏွစ္ခုက 16MP + 24MP ျဖစ္ၿပီး ေရွ႕ဘက္ ကင္မရာႏွစ္ခုကေတာ့ 24MP + 2MP ျဖစ္ပါတယ္။

Fingerprint sensor ကိုေတာ့ ေက်ာဘက္မွာ တပ္ဆင္ထားပါတယ္။ ဘက္ထရီက 3,650mAh ျဖစ္ၿပီး fast charging အေထာက္အပံ့ ပါဝင္ပါတယ္။ Operating system က Android 8.1 အေျခခံ EMUI 8 ျဖစ္ပါတယ္။

Nova 3 ကို ဇူလိုင္ ၁၈ ရက္မွာ မိတ္ဆက္ေၾကညာဖြယ္ရိွၿပီး တန္ဖိုးက ၄၀၄ ေဒၚလာျဖစ္တယ္လို႔ သိရပါတယ္။

-ေနာင္ေနာင္
Ref: XDA-Developers

[ Unicode ]

ဇူလိုင် ၁၈ ရက်မှာ မိတ်ဆက်မယ့် Huawei Nova 3 ဟာ TENAA ပေါ်မှာ ထွက်ပေါ်လာခဲ့ပါတယ်။ TENAA ဟာ Huawei Nova 3 ကို PAR-TL00 နဲ့ PAR-AL00 စတဲ့ မော်ဒယ်နံပါတ်တွေနဲ့အတူ ဖုန်းရဲ့ specification အားလုံးနီးပါးကို ဖော်ပြသွားခဲ့ပါတယ်။ ဒီဖုန်းမှာ 2.36GHz octa-core processor ကို အသုံးပြုထားပြီး ဒါဟာ HiSilicon Kirin 970 ဖြစ်မယ်လို့ ယူဆရပါတယ်။ ဒီပရိုဆက်ဆာဟာ HiSilicion ရဲ့ နောက်ဆုံးပေါ် flagship SoC ဖြစ်ပြီး ARM Cortex-A73 core လေးခုနဲ့ ARM Cortex-A53 core လေးခုအပြင် Mali-G72MP12 GPU တို့ပါဝင်ပါတယ်။ ဒါ့အပြင် Kirin 970 မှာ Neural Processing Unite (NPU) တစ်ခုနဲ့ i7 co-processor တစ်ခုလည်း ပါဝင်ပါတယ်။ GPU Turbo အတွက် အထောက်အပံ့လည်း Nova 3 မှာ ပါဝင်လာဖွယ် ရှိပါတယ်။

ဒီဖုန်းမှာ 6GB RAM နဲ့အတူ 64GB/128GB သိုလှောင်မှုပမာဏနဲ့ ရရှိနိုင်မယ်လို့ ဆိုပါတယ်။ ဒါ့အပြင် 256GB အထိ သိမ်းဆည်းနိုင်စေမယ့် microSD card slot တစ်ခုလည်း ပါဝင်လာမှာဖြစ်ပါတယ်။

Nova 3 ရဲ့ဒီဇိုင်းဟာ P20 စမတ်ဖုန်းနဲ့ ဆင်တူပါတယ်။ ၆.၃ လက်မ Full HD+ (2340 x 1080) 19.5:9 LCD နဲ့အတူ display notch တစ်ခုနဲ့ 2.5D curved glass တို့ပါဝင်လာမှာဖြစ်ပါတယ်။ ကျောဘက်ကင်မရာနှစ်ခုက 16MP + 24MP ဖြစ်ပြီး ရှေ့ဘက် ကင်မရာနှစ်ခုကတော့ 24MP + 2MP ဖြစ်ပါတယ်။

Fingerprint sensor ကိုတော့ ကျောဘက်မှာ တပ်ဆင်ထားပါတယ်။ ဘက်ထရီက 3,650mAh ဖြစ်ပြီး fast charging အထောက်အပံ့ ပါဝင်ပါတယ်။ Operating system က Android 8.1 အခြေခံ EMUI 8 ဖြစ်ပါတယ်။

Nova 3 ကို ဇူလိုင် ၁၈ ရက်မှာ မိတ်ဆက်ကြေညာဖွယ်ရှိပြီး တန်ဖိုးက ၄၀၄ ဒေါ်လာဖြစ်တယ်လို့ သိရပါတယ်။

-နောင်နောင်
Ref: XDA-Developers