Huawei Nova 2i နဲ့ Samsung Galaxy J5 Pro (2017) ကိုလေ့လာကြည့်ခြင်း

Screen

Screen ပိုင်းကိုကြည့်မယ်ဆိုရင်တော့ J5 Pro က 720X1280 Pixels ရှိတဲ့ ပုံမှန် HD Screen အမျိုးအစားဖြစ်ပြီး Nova 2i ကတော့ 1080X2160 Pixels ရှိတဲ့ Full HD Screen အမျိုးအစားကို သုံးထားတာပါ။ ဖုန်းရဲ့အရွယ်အစားချင်း သိပ်မကွာခြားလှပေ မယ့် မြင်ကွင်းပိုင်းမှာတော့ J5 Pro က ၅.၅ လက်မဖြစ်ပြီး Nova 2i ကတော့ မျက်နှာပြင် အပြည့်ပုံစံမျိုးဖြစ်တဲ့အတွက် ၅.၉ လက်မမြင်ကွင်းအရွယ်အစားနဲ့ Screen Ratio 18:9 ဖြစ်တဲ့ အတွက် Novi 2i က မြင်ကွင်းပိုင်းမှာ ပိုပြီး ကျယ်ဝန်းပါတယ်။
Screen – Nova 2i ***, J5 Pro **

Camera

ကင်မရာပိုင်းမှာတော့ J5 Pro ဟာ ရှေ့ကင်မရာနဲ့ နောက်ဘက်ကင်မရာနှစ်ခုစလုံးကို 13 Megapixels ကင်မရာတွေကိုအသုံးပြုထားပါတယ်။Nova 2i ကတော့ နောက်ဘက် ကင်မရာက 16 Megapixels နဲ့ 2 Megapixels ကင်မရာနှစ်လုံးကို Dual ကင်မရာပုံစံ မျိုးနဲ့ ထည့်သွင်းထားပြီး ရှေ့ကင်မရာမှာလည်း 13 Megapixels နဲ့ 2Megapixels ကင်မရာ နှစ်လုံးကို Dual ကင်မရာပုံစံမျိုးနဲ့ ထည့်သွင်းပေးထားပါတယ်။ ဒီဖုန်းနှစ်ခု စလုံးမှာ ရှေ့ကင်မရာနဲ့ နောက်ဘက်ကင်မရာ တွေမှာ Flash စနစ်ပါဝင်တဲ့အတွက် အလင်းရောင်အားနည်းတဲ့နေရာတွေမှာလည်း ဓာတ်ပုံရိုက်ဖို့ အဆင်ပြေစေပါတယ်။ Nova 2i က ရှေ့နဲ့ နောက် ကင်မရာ နှစ်ခုစလုံးကို Dual ကင်မရာစနစ်သုံးထားတဲ့ အတွက် နောက်ခံ Background တွေကို ဝါးသွားအောင်လုပ်နိုင်တဲ့ Portrait စနစ်နဲ့ Bokeh စနစ်ကိုရှေ့၊ နောက် ကင်မရာနှစ်ခုလုံးမှာအသုံး ပြုနိုင်ပါတယ်။ Camera မှာ သုံးနိုင်တဲ့ Mode တွေမှာဆိုရင်တော့ Nova 2i ကပိုပြီး များပြားစုံလင်ပါတယ်။
Camera – Nova 2i ****, J5 Pro **

Memory

မှတ်ဉာဏ်ပိုင်းမှာတော့ J5 Pro ကတော့ Internal 32GB နဲ့ RAM 3GB ဖြစ်ပြီး Nova 2i ကတော့ Internal 64GB နဲ့ RAM 4GB ဖြစ်တဲ့အတွက် မှတ်ဉာဏ်ပိုင်းမှာ Nova 2i ကပိုပြီး များပါတယ်။
Memory – Nova 2i ****, J5 Pro ***

Battery

ဘက်ထရီပိုင်းမှာတော့ J5 Pro Li Ion 3000mAh ဘက်ထရီကိုအသုံးပြုထားပြီး Nova 2i ကတော့ Li Ion 3340 mAh ဘက်ထရီကိုအသုံးပြုထားတာပါ။ ဘက်ထရီရဲ့ပမာဏ ကိုကြည့်မယ်ဆိုရင်တော့ အနည်းငယ်ကွာနေတာတွေ့နိုင်ပေမယ့် Nova 2i က FHD+ Resolution ကိုသုံးထားတဲ့အပြင် မျက်နှာပြင်ပိုကြီးတဲ့အတွက် အသုံးပြုတဲ့အချိန်မှာ တော့ အချိန်ကြာကြာအသုံးခံနိုင်မှု နှုန်းက သိပ်ပြီး မကွာခြားလှပါဘူး။
Battery –Nova 2i *** , J5 Pro ***

Account

ဖုန်းထဲမှာရှိတဲ့ အကောင့်တွေကို နှစ်ခုခွဲပြီး သုံးနိုင်တဲ့ စနစ်က ဖုန်းနှစ်ခုစလုံးမှာပါဝင်တာ တွေ့ရပါတယ်။ ဒါပေမဲ့ Nova 2i မှာပါဝင်တဲ့ App Twin ဆိုတဲ့စနစ်က Facebook နဲ့ Facebook Messenger နဲ့ Wechat အစရှိတဲ့ Chat App တွေကို အကောင့်နှစ်ခုစီ ခွဲပြီး အသုံးပြနိုင်ပါတယ်။ J5 မှာပါဝင်တဲ့ Dual Messenger ဆိုတဲ့စနစ်ကလည်း Facebook Facebook, Viber, WeChat တို့လို့ Social App နဲ့ Chat App တော်တော်များများကို အကောင့် နှစ်ခုစီခွဲပြီး အသုံးပြုနိုင်တာတွေ့ရပါတယ်။ ဒီဖုန်းနှစ်ခုမှာတော့ အကောင့် တွေ ကိုနှစ်ခုစီ Dual App အနေနဲ့ ခွဲသုံးနိုင်တဲ့ စနစ်က တူတူပဲလို့ ဆိုပေမယ့် Nova 2i မှာတော့ Viber ကိုနှစ်ခုခွဲလို့ မရပါဘူး။
Account – Nova 2i ***, J5 Pro ***

Feature

ဖုန်းထဲမှာအသုံးပြုနိုင်တဲ့ Settings စနစ်နဲ့ Feature တွေကတော့ ဒီဖုန်းနှစ်ခုစလုံးမှာ စုံစုံလင်လင်ပါဝင်တာတွေ့ရပါတယ်။ J5 Pro မှာတော့ စာဖတ်တဲ့အချိန်မှာ အသုံးပြု နိုင်တဲ့ Eye Comfort စနစ်အပြင် ဖုန်းရဲ့ပါဝါအသုံးပြုနှုန်းကို လျော့ချနိုင်ပြီး Screen ကိုကြည့်တဲ့အချိန်မှာ မျက်စိအေးစေတဲ့ Gray Scale ဆိုတဲ့ စနစ်ပါဝင်တာ တွေ့ရ ပါတယ်။ Nova 2i မှာတော့ Eye Comfort စနစ်တစ်ခုပဲ ပါဝင်ပါတယ်။ Multi Windows စနစ်ကတော့ ဖုန်းနှစ်ခုစလုံးမှာပါဝင်တာတွေ့ရပါတယ်။ ဖုန်း Screen ပိတ်ထားတဲ့အချိန်မှာ Screen ပေါ်မှာ နာရီနဲ့ ပြက္ခဒိန်နဲ့ ရာဦဥတုအချက်အလက် တွေကိုဖော်ပြပေးနိုင်တဲ့ Always On Display စနစ်ကိုတော့ J5 Pro မှာပဲ ပါဝင်တာ တွေ့ရပါတယ်။ အသံနဲ့ အမိန့်ပေး ဖုန်းခေါ်တာ၊ Gesture စနစ်တွေအသုံးပြုတာ၊ လက်ဆစ်နဲ့ခေါက်ပြီး Screenshot လုပ်နိုင်တဲ့စနစ်တွေကလည်း Nova 2i မှာပဲပါဝင်တာတွေ့ရတဲ့အတွက် Feature ပိုင်းမှာတော့ ဒီဖုန်းနှစ်လုံးဟာ သိပ်ပြီး မကွာခြားလှပါဘူး။
Feature – Nova 2i ***, J5 Pro ***

Finger Print

Fingerprint ပိုင်းမှာဆိုရင်တော့ J5 Pro ဟာ ဖုန်းရဲ့ လုံခြုံရေးအတွက်လောက်သာအဓိ ကထားပြီး အသုံးပြုထားတာတွေ့ရပြီး Nova 2i ရဲ့ Fingerprint ကတော့ ဖုန်းရဲ့ Lock စနစ်အတွက်အပြင် ဖုန်းဝင်လာတဲ့အချိန်မှာ ဖုန်းဖြေခြင်း၊ ဓာတ်ပုံတွေကို ရွှေ့ပြောင်း ကြည့်ခြင်း၊ Notification တွေကို ကြည့်ရှုခြင်း၊ Fingerprint နဲ့ ဓာတ်ပုံရိုက်ခြင်းတွေ အတွက်လည်း အသုံးပြုနိုင်တာကိုတွေ့ရမှာပါ။
Feature – Nova 2i ***, J5 Pro **