Huawei MediaPad T3 7.0

တန်ဖိုး – အမေရိကန်ဒေါ်လာ ၅၉ (Amazon Price)

အားသာချက်

အပြင်သွားလာရင်း အင်တာနက်သုံးစွဲလိုသူတွေအနေနဲ့ ဆင်းမ်ကတ်ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပြီး စွမ်းဆောင်ရည်ပိုင်းကလည်း ကောင်းမွန်သလို screen resolution ပိုင်းကလည်း ကောင်းမွန်တာကို တွေ့ရပါတယ်။

အားနည်းချက်

App တွေ အသုံးများတဲ့ အခါ crash ဖြစ်တတ်ပြီး system ပိုင်း လေးလံခြင်းကို လည်းဖြစ်စေပါ တယ်။ ဒါ့အပြင် ဘက်ထရီအား သွင်းရတဲ့အချိန်ကိုလည်း အချိန် အတော်ယူပါတယ်။

အသေးစိတ်ဖော်ပြချက်

Coretex-A7 MTKMT8172 chip ကို အသုံးပြုထားပြီး processor မြန်နှုန်းကတော့ Quad-core 1.3GHz ရှိမှာဖြစ်ပါတယ်။ RAM 1GB ထည့်သွင်းပေးထားပြီး အချက်အလက်တွေ သိမ်းဆည်းဖို့အတွက် 8GB ပမာဏရှိတဲ့ storage ပါဝင်မှာ ဖြစ်ပါတယ်။ ဒီ tablet ရဲ့ မျက်နှာပြင်အရွယ်အစားကတော့ ၇ လက်မခန့်ရှိမှာဖြစ်ပြီး screen resolution ကတော့ 600 x 1024 ဖြစ်ပါတယ်။ Tablet မှာ အသုံးပြုထားတဲ့ Operating System ကတော့ Android 6.0 ဖြစ်ပါတယ်။ ကင်မရာပိုင်းမှာ rear camera ရော font camera ပါ 2 megapixels အသုံးပြုထားပါတယ်။ ဘက်ထရီ သိပ်သည်းဆကတော့ 3100 mAh ခန့်ရှိမှာဖြစ်ပါတယ်။ NFC, Infrared, USB OTG စနစ်တွေက ဒီ tablet မှာ ပါဝင်မှာ မဟုတ်ပါဘူး။

-ရဲထွဋ်ဝင်း

»»» စာလည်းမဖတ်ချင်ဘူး ရုပ်သံလည်းမကြည့်ချင်ဘူးဆိုရင်တော့ အသံနဲ့တင်ဆက်နေတဲ့ IJPodCast ဖြစ်တဲ့ ဒီနေရာ လေးကိုနှိပ်ပြီး Subscription လုပ်ထားလိုက်နော် «««