Huawei MediaPad T1

[ Zawgyi ]

တန္ဖိုး – ကန္ေဒၚလာ ၉၉.၉၉ (Amazon Price)

အားသာခ်က္

ေဈးႏႈန္းခ်ိဳသာတာကေတာ့ ဒီ tablet ရဲ႕ အားသာခ်က္တစ္ခု ျဖစ္ပါတယ္။ဒါ့အျပင္ storage ထပ္မံတိုးခ်ဲ႕ႏိုင္ဖို႔အတြက္လည္း စီစဥ္ေပးထားတဲ့အတြက္အခ်က္ အလက္အမ်ားအျပားကို ထည့္သြင္း အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။ SIM card ထည့္သြင္းအ သံုးျပဳႏိုင္ေအာင္လည္း စီစဥ္ေပး ထားပါတယ္။

အားနည္းခ်က္

ဒီ tablet ဟာေဈးႏႈန္းခ်ိဳသာေအာင္ စီစဥ္ထားတဲ့ tablet ျဖစ္လို႔ စြမ္းေဆာင္ရည္ပိုင္းမွာေတာ့ အရမ္းႀကီး ေကာင္းမြန္တာမ်ိဳးကို ေတြ႕ရမွာ မဟုတ္ပါဘူး။ Display ပိုင္းကလည္း သာမန္ေလာက္သာ ရွိတာကိုေတြ႕ ျမင္ရမွာျဖစ္ပါတယ္။

အေသးစိတ္ေဖာ္ျပခ်က္

ဒီ tablet ထြက္ရွိထားတာကေတာ့ အေတာ္ၾကာၿပီျဖစ္ပါတယ္။ Tablet မွာအသံုးျပဳထားတဲ့ processor ကေတာ့ Qualcomm Snapdragon 410 အမ်ိဳးအစားျဖစ္ၿပီး processor ျမန္ႏႈန္းကေတာ့ 1.2 GHz ရွိမွာျဖစ္ပါတယ္။ RAM 1GB ပါဝင္ၿပီး အခ်က္အလက္ေတြ ထည့္သြင္းသိမ္းဆည္းဖို႔အတြက္ Storage အေနနဲ႔ 16GB ပါဝင္မွာ ျဖစ္ပါတယ္။ Display အရြယ္အစားက ၉.၆ လက္မ ခန္႔ရွိမွာျဖစ္ၿပီး screen resolution ကေတာ့ 1280 x 800 ျဖစ္ပါတယ္။ အင္တာနက္ခ်ိတ္ဆက္ အသံုးျပဳဖို႔အတြက္ Wi-Fi ကြန္ရက္အျပင္ LTE အေထာက္အပံ့ေပးတဲ့ SIM card ကိုပါ ထည့္သြင္း အသံုးျပဳႏိုင္ပါတယ္။ ကင္မရာပိုင္းမွာေတာ့ 5 megapixels ရွိတဲ့ ကင္မရာကိုအ သံုးျပဳထားပါတယ္။ ဘက္ထရီပိုင္းမွာ 4800mAh ပမာဏရွိတဲ့ ဘက္ထရီကို အသံုးျပဳထားပါတယ္။ LTE ကြန္ရက္ကို ခ်ိတ္ဆက္ၿပီး ဗီဒီယိုကို streaming ၾကည့္မယ္ဆိုရင္ ၄ နာရီ ၅၈ မိနစ္ခန္႔ ေတာက္ေလွ်ာက္ၾကည့္႐ႈႏိုင္မွာ ျဖစ္ပါတယ္။

-သီဟ
Ref: pcmag

[ Unicode ]

တန်ဖိုး – ကန်ဒေါ်လာ ၉၉.၉၉ (Amazon Price)

အားသာချက်

ဈေးနှုန်းချိုသာတာကတော့ ဒီ tablet ရဲ့ အားသာချက်တစ်ခု ဖြစ်ပါတယ်။ဒါ့အပြင် storage ထပ်မံတိုးချဲ့နိုင်ဖို့အတွက်လည်း စီစဉ်ပေးထားတဲ့အတွက်အချက် အလက်အများအပြားကို ထည့်သွင်း အသုံးပြုနိုင်မှာဖြစ်ပါတယ်။ SIM card ထည့်သွင်းအ သုံးပြုနိုင်အောင်လည်း စီစဉ်ပေး ထားပါတယ်။

အားနည်းချက်

ဒီ tablet ဟာဈေးနှုန်းချိုသာအောင် စီစဉ်ထားတဲ့ tablet ဖြစ်လို့ စွမ်းဆောင်ရည်ပိုင်းမှာတော့ အရမ်းကြီး ကောင်းမွန်တာမျိုးကို တွေ့ရမှာ မဟုတ်ပါဘူး။ Display ပိုင်းကလည်း သာမန်လောက်သာ ရှိတာကိုတွေ့ မြင်ရမှာဖြစ်ပါတယ်။

အသေးစိတ်ဖော်ပြချက်

ဒီ tablet ထွက်ရှိထားတာကတော့ အတော်ကြာပြီဖြစ်ပါတယ်။ Tablet မှာအသုံးပြုထားတဲ့ processor ကတော့ Qualcomm Snapdragon 410 အမျိုးအစားဖြစ်ပြီး processor မြန်နှုန်းကတော့ 1.2 GHz ရှိမှာဖြစ်ပါတယ်။ RAM 1GB ပါဝင်ပြီး အချက်အလက်တွေ ထည့်သွင်းသိမ်းဆည်းဖို့အတွက် Storage အနေနဲ့ 16GB ပါဝင်မှာ ဖြစ်ပါတယ်။ Display အရွယ်အစားက ၉.၆ လက်မ ခန့်ရှိမှာဖြစ်ပြီး screen resolution ကတော့ 1280 x 800 ဖြစ်ပါတယ်။ အင်တာနက်ချိတ်ဆက် အသုံးပြုဖို့အတွက် Wi-Fi ကွန်ရက်အပြင် LTE အထောက်အပံ့ပေးတဲ့ SIM card ကိုပါ ထည့်သွင်း အသုံးပြုနိုင်ပါတယ်။ ကင်မရာပိုင်းမှာတော့ 5 megapixels ရှိတဲ့ ကင်မရာကိုအ သုံးပြုထားပါတယ်။ ဘက်ထရီပိုင်းမှာ 4800mAh ပမာဏရှိတဲ့ ဘက်ထရီကို အသုံးပြုထားပါတယ်။ LTE ကွန်ရက်ကို ချိတ်ဆက်ပြီး ဗီဒီယိုကို streaming ကြည့်မယ်ဆိုရင် ၄ နာရီ ၅၈ မိနစ်ခန့် တောက်လျှောက်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။

Ref: pcmag