HUAWEI MatePad T10 ကို အောက်တိုဘာ ၁၅ ရက်အထိ ကြိုတင်မှာယူနိုင်မည်

ebook Mode နဲ့ကလေးတွေအတွက် Kids Corner စတာတွေပါဝင်တဲ့ HUAWEI MatePad T10 ကို မြန်မာပြည်ဈေးကွက်အတွင်း စတင် ရောင်းချတော့မယ်လို့ သိရပါတယ်။

၉.၇ လက်မအရွယ် HD IPS Touchscreen Resolution: 1280 x 800, 156 PPI မျက်နှာပြင်ကို အသုံးပြုထားပြီး စွမ်းဆောင်ရည်ပိုင်း အတွက် HUAWEI Kirin 710A 4 x Cortex-A73 2.0 GHz + 4 x Cortex-A53 1.7 GHz CPU အမျိုးအစား အသုံးပြုထားပါတယ်။ Mali G51 ထောက်ပံ့ပေးထားတဲ့အတွက် ဂိမ်းကစားမှုအတွက် အကောင်းဆုံး အတွေ့အကြုံကို ရရှိစေမှာဖြစ်တယ်လို့ သိရပါတယ်။ 5100 mAh ပမာဏရှိတဲ့ ဘက်ထရီကို အသုံးပြုထားပြီး ဗီဒီယိုကြည့်ရှုမှု၊ အင်တာနက် အသုံးပြုမှုတွေကို ၁၂ နာရီဆက်တိုက် ပြုလုပ်နိုင်မှာဖြစ်ပြီး 10W Charger တစ်ပါတည်း ပါဝင်မှာဖြစ်ပါတယ်။

HUAWEI MatePad T10 ကို RAM 2GB, Storage 16GB နဲ့ ဝယ်ယူနိုင်မှာဖြစ်ပြီး လိုအပ်ပါက 512GB အထိ Micro SD ထပ်စိုက်ပြီး အသုံးပြုနိုင်ပါတယ်။ အောက်တိုဘာ ၁၅ ရက်အထိ ကြိုတင်မှာယူနိုင်ပြီး တန်ဖိုးက ၂၆၉,၀၀၀ ကျပ်ဖြစ်ပါတယ်။ သတ်မှတ်ရက်ကာလအတွင်း Pre-Order မှာယူသူတွေအနေနဲ့ Flip Cover နဲ့ Bluetooth Headset တစ်လုံး လက်ဆောင်ထပ်မံရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

-ကျော်ဇေယျ

»»» စိတ်ဝင်စားဖွယ်ရာအကြောင်းအရာ စုံစုံလင်လင်နဲ့တင်ဆက်ထားတဲ့ အင်တာနက်ဂျာနယ် အပတ်စဉ်တနင်္လာနေ့တိုင်းထွက်ရှိနေပါပြီ
အိမ်အရောက်ဖတ်ရှုဖို့ ရန်ကုန်ဆိုရင် ဖုန်း – 09443053320 မန္တလေးဆိုရင် ဖုန်း – 0943010747 ကိုသာဖုန်းလေးတစ်ချက်ဆက်လိုက်ပါ «««