Huawei MatePad Pro ဓာတ်ပုံ ပေါက်ကြားထွက်ပေါ်

လွန်ခဲ့တဲ့ရက်သတ္တပတ်က Huawei က မဖြန့်ချိရသေးတဲ့ tablet သရုပ်ဖော်ပုံ ထွက်ပေါ်လာပါတယ်။ Tablet က ဘေးဘောင်ပါးလွှာပြီး punch-hole selfie ကင်မရာနဲ့ keyboard ပါဝင်ကာ stylus တစ်ခုလည်း ပါဝင်တာ တွေ့ရပါတယ်။

ဒီနေ့မှာတော့ သတင်းအချက်အလက်တွေကို စောလျင်စွာ ဖော်ပြပေးတဲ့နေရာမှာ နာမည်ကြီးတဲ့ Evan Blass က Huawei tablet သရုပ်ဖော်ပုံနဲ့ အမည်ကိုလည်း ထုတ်ဖော်လိုက်ပါတယ်။ အဲဒီ tablet ကို Huawei MatePad Pro လို့ခေါ်ဆိုမယ်လို့ သိရပါတယ်။ Huawei MatePad Pro မှာ stylus နဲ့ keyboard ထောက်ပံ့မှု ပါဝင်ပြီး Apple ရဲ့ iPad Pro ကိုယှဉ်ပြိုင်ဖွယ်ရှိပါတယ်။ MatePad Pro မှာ ကျောဘက်ကင်မရာ ၂ လုံး၊ in-display fingerprint sensor နဲ့ USB-C port တစ်ခုလည်း ပါဝင်လာပါတယ်။

Huawei MatePad Pro အနေနဲ့ iPad Pro ကိုပြိုင်ဆိုင်မယ်ဆိုရင် တန်ဖိုးကြီး feature တချို့ပါဖို့ လိုအပ်ပါတယ်။ Huawei MatePad Pro မှာ Kirin 990 chipset နဲ့ ဘက်ထရီအကြီး ပါဝင်ဖွယ်ရှိကာ RAM 8GB နဲ့ storage 256GB တွဲဖက်ထားဖွယ်ရှိပါတယ်။ ကောလာဟလသတင်းတွေအရ အနက်နဲ့ အဖြူ နှစ်မျိုးဖြန့်ချိဖွယ်ရှိပြီး keyboard ကို သံလိုက်နဲ့ ချိတ်ဆက်နိုင်ဖွယ်ရှိပါတယ်။ ဒါ့အပြင် hole-punch မျက်နှာပြင်အသုံးပြုထားတဲ့ ကမ္ဘာ့ပထမဆုံး tablet ဖြစ်လာနိုင်ပါတယ်။

စိုးထက်
Ref: GSMArena