HUAWEI Matebook D14 ကို ဇူလိုင်လကုန်အထိ ကြိုတင်မှာယူနိုင်မည်

HUAWEI MateBook D14 ကို မြန်မာနိုင်ငံတွင်စတင် ရောင်းချတော့မယ်လို့ သိရပါတယ်။

HUAWEI MateBook D 14 ကို အမေရိကန်ဒေါ်လာ ၆၉၉ နဲ့ညီမျှတဲ့ မြန်မာကျပ်ငွေနဲ့ ဇူလိုင် ၃၁ ရက်အထိ ကြိုတင်မှာယူနိုင်မှာဖြစ်ပါတယ်။ သတ်မှတ်ရက်အတွင်း ကြိုတင်မှာယူသူတွေကို HUAWEI CPE, Bluetooth Headset, HUAWEI Mouse နဲ့ HUAWEI Backpack စတဲ့ ကျပ် ၁၈၀,၀၀၀ ကျော်တန်ဖိုးရှိ လက်ဆောင်တွေကို ပေးအပ်သွားမှာဖြစ်ပါတယ်

HUAWEI MateBook D 14 မှာ AMD Ryzen 7 3700U processor နဲ့ RAM 8GB ထည့်သွင်းအသုံးပြုထားပါတယ်။ RadeonTM RX Vega 10 Graphics ထောက်ပံ့ထားပြီး ၁၄ လက်မအရွယ်အစား FullView display 1920 x 1080 IPS screen နဲ့ဖြစ်ပါတယ်။ 56wH ဘက်ထရီကို အသုံးပြုထားပြီး ဗီဒီယိုကြည့်ရှုမှု၊ အင်တာနက်အသုံးပြုမှုတွေကို ၉.၅ နာရီဆက် တိုက်ပြုလုပ်နိုင်မှာဖြစ်ပြီး 65 W USB-C charger ထောက်ပံ့ပေးထားတဲ့အတွက် မိနစ်သုံးဆယ် အားသွင်းတာနဲ့ ၅၃ ရာခိုင်နှုန်း အားပြည့်စေမှာဖြစ်ပါတယ်။ Fingerprint Sensor, Hall Sensor တွေပါဝင်ပါတယ်။ 1MP Camera (720P HD) ,Wi-Fi,Bluetooth 5.0, USB-A 3.0, USB-A 2.0 , USB-C ,HDMI ,

3.5mm headset , microphone 2-in-1 jack တွေ စတာတွေလည်း ထောက်ပံ့ပါဝင်ပါတယ်။

-ကျော်ဇေယျ