Huawei Mate 40 Pro မှာ ကြိုးမဲ့အားသွင်းစနစ် 50W ပါဝင်လာ

Huawei ဟာ Mate 40 ဖုန်းအပြင် Mate 40 Pro နဲ့ Pro Plus ကိုလည်း မိတ်ဆက်ခဲ့ပါတယ်။ အဲဒီဖုန်းတွေမှာ Huawei ရဲ့ 5nm Kirin 9000 chipset လည်း ပါဝင်လာပါတယ်။ မျက်နှာပြင် ၆.၇၆ လက်မ 90Hz OLED display တွေနဲ့ 50W ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာပါတယ်။

Huawei ရဲ့ဖုန်းတွေမှာ Google app နဲ့ service တွေမပါဝင်ပေမယ့် P40 Pro နဲ့ P40 Pro Plus ကင်မရာ စွမ်းဆောင်ရည်တွေက အလွန်ကောင်းပါတယ်။

Mate 40 Pro Plus အဓိက ကင်မရာကတော့ 50-megapixel, 20-megapixel ultrawide, 8-megapixel periscope 10x zoom ပါဝင်လာပြီး 12-megapixel telephoto ကင်မရာနဲ့ 3x zoom လည်းပါဝင်လာပါတယ်။ စုစုပေါင်း optical zoom 17x အထိ ထောက်ပံ့ထားတယ်လို့ Huawei ကပြောခဲ့ပါတယ်။

Mate 40 Pro မှာလည်း 50-megapixel နဲ့ 20-megapixel ultrawide ပါဝင်ပေမယ့် optical zoom ကတော့ 7x ပဲပါဝင်လာပါတယ်။

Huawei ရဲ့ Kirin 9000 chipset အသစ်ကတော့ ကမ္ဘာ့ပထမဆုံး 5nm 5G ပရိုဆက်ဆာဖြစ်တယ်လို့ ကုမ္ပဏီက ပြောခဲ့ပါတယ်။ အဲဒီချစ်ပ်ကိုတော့ 24-core GPU နဲ့အတူ 8-core CPU တွဲဖက်ပေးထားပါတယ်။ Mate 40 Pro Plus မှာ RAM 12GB နဲ့ storage 256GB ပါဝင်လာပါတယ်။ Mate 40 Pro မှာတော့ 8GB နဲ့ 256GB ကို တွဲဖက်ပေးထားပါတယ်။ ဘက်ထရီပမာဏကတော့ 4,400mAh ဖြစ်ပြီး Xiaomi Mi 10 Ultra နဲ့ယှဉ်ပြိုင်မယ့် ကြိုးမဲ့အားသွင်းစနစ် 50W အထိ ထောက်ပံ့ထားပါတယ်။ ဒါ့အပြင် ကြိုးတပ်အားသွင်းစနစ်အတွက်လည်း 66W ထောက်ပံ့ထားသလို အခြားထုတ်ကုန်တွေကို အားပြန်သွင်းပေးမယ့် reverse ကြိုးမဲ့အားသွင်းစနစ် ပါဝင်လာပါတယ်။

Mate 40 Pro နဲ့ Pro Plus မှာတော့ in-display fingerprint sensor တွေပါဝင်လာပြီး ရုပ်ထွက်အရည်အသွေးကတော့ 2772x 1344 ကျသင့်ပါမယ်။ ရေဒဏ်နဲ့ ဖုန်ဒဏ်ခံနိုင်မယ့် IP68 အဆင့်သတ်မှတ်ချက်၊ ကင်မရာ ၂ လုံးလည်း ပါဝင်လာပါတယ်။ Huawei Mate 40 Pro မော်ဒယ်ကိုတော့ အနက်၊ အဖြူ၊ ငွေ၊ အဝါနဲ့ အစိမ်း ထုတ်လုပ်ထားပေမယ့် Pro Plus ကတော့ အဖြူနဲ့ အနက်ပဲ လာပါမယ်။

Huawei Mate Pro Plus ကတော့ ၁,၆၅၅ ဒေါ်လာ ကျသင့်ပေမယ့် Mate 40 Pro ကတော့ ၁,၄၁၈ ဒေါ်လာပဲ ကျသင့်ပါမယ်။ နိုဝင်ဘာလ ၁၃ ရက်မှာတော့ ယူကေအတွင်း စတင်ရောင်းချမယ်လို့ သိရပါတယ်။ ဒါ့အပြင် Huawei က Porsche Design Mate 40 RS ကိုလည်း မိတ်ဆက်ခဲ့ပြီး ၂,၇၁၅ ဒေါ်လာနဲ့ ရောင်းချပါမယ်။

-စိုးထက်
Ref: TheVerge

»»» အင်တာနက်ဂျာနယ်ကနေ တင်ဆက်ပေးနေတဲ့ သတင်းတွေနဲ့စိတ်၀င်စားဖွယ်ရာ အ‌ကြောင်းအရာတွေကို နေ့စဉ် ည(၇) နာရီအချိန်မှာ ဒီဂျစ်တယ်ဗားရှင်း သတင်းစာစောင်လေးအနေနဲ့ ဒီနေရာ ကနေ ရယူဖတ်ရှုနိုင်မယ့် IJ Mini Newspaper «««