Huawei Mate 40 Pro ဈေးနှုန်းထွက်ပေါ်

Amazon ဂျာမနီဝက်ဘ်ဆိုက်မှာ Huawei Mate 40 Pro ဈေးနှုန်းနဲ့ ထွက်ရှိမယ့် ရက်ပေါ်လာပါတယ်။ Huawei Mate 40 Pro ကတော့ ယူရို ၁,၂၀၀ကျသင့်ပြီး နိုဝင်ဘာလ ၉ရက်မှာ ထွက်လာပါမယ်။ သတင်းအချက်အလက်ဖော်သူ Roland Quandt က တွေ့ရှိခဲ့ပြီး Amazon ကမဖျက်ခင်မှာ screenshot ရိုက်ယူထားနိုင်ခဲ့ပါတယ်။

Mate 40 Pro အသေးစိတ်အချက်အလက်တွေကတော့ ဘက်ထရီ 4,400mAh USB-C ကနေ 66W အထိ အားသွင်းနိုင်သလို ကြိုးမဲ့အားသွင်းစနစ် 50W အထိပါဝင်လာပါတယ်။ Mate 40 Pro မျက်နှာပြင်အရွယ်အစားကတော့ ၆.၇၆လက်မ OLED display အပြင် 50MP Ultra Vision နဲ့ ultra wide lens တို့ပါဝင်လာပါတယ်။ ရှေ့ကင်မရာကတော့ 13MP ဖြစ်ပါတယ်။

ဥရောပမှာ ရောင်းချမယ့် Mate 40 Pro မှာတော့ RAM 8GB နဲ့ storage 256GB အထိပါင်လာပါတယ်။ Android 10 အခြေခံ EMUI 11 အသုံးပြုထားတယ်လို့ သိရပါတယ်။

-စိုးထက်
Ref: GSMArena

 

»»» အင်တာနက်ဂျာနယ်ကတင်ဆက်နေတာတွေကို Internet Journal Messenger Bot ဖြစ် ဒီနေရာ ကနေလည်းရယူဖတ်ရှုနိုင်ပါတယ် «««