Huawei Mate 40 စီးရီးဖုန်းတွေ မိတ်ဆက်

Huawei ဟာ ဒီနေ့ပြုလုပ်ခဲ့တဲ့ virtual ပွဲမှာ Mate 40 စီးရီးဖုန်းတွေကို မိတ်ဆက်လိုက်ပါတယ်။ Huawei က Mate 40, Mate 40 Pro နဲ့ Mate 40 Pro+ ဖုန်း တွေကို မိတ်ဆက်ခဲ့ပါတယ်။ အဲဒီဖုန်းတွေမှာ Kirin 9000 chipset ပါဝင်လာပါတယ်။

Kirin 9000 ကတော့ အဆင့်မြင့် SoC ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။ Mate 40 မှာ ၆.၅လက်မ Flex OLED display အသုံးပြုထားပြီး ရုပ်ထွက်အရည်အသွေး 2376x 1080 pixel နဲ့ ၆၈ ဒီဂရီ display အကွေးပါဝင်လာပါတယ်။ ဒါ့အပြင် 90Hz refresh rate နဲ့ 240 touch response rate ရှိတယ်လို့ သိရပါတယ်။ EMUI 11 ကိုပဲအသုံးပြုထားပါတယ်။

Kirin 9000 chipset ကတော့ 5nm လုပ်ငန်းစဉ်နဲ့ တည်ဆောက်ထားပြီး ထရန်စစ္စတာ ၁၅.၃ဘီလျံပါဝင်လာပြီး Apple ရဲ့ A14 ချစ်ပ်ထက် ထရန်စစ္စတာ ၃၀ ရာခိုင်နှုန်းများတယ်လို့ သိရပါတယ်။ ဒါ့အပြင် 8-core CPU နဲ့ 24 Core MaliG78 GPU ပါဝင်လာပါတယ်။

Huawei Mate 40 ကင်မရာကတော့ 50MP, 16MP ultra-wide နဲ့ 3x telephoto lens တို့ပါဝင်လာပါတယ်။ စပီကာ ၂ လုံးပါဝင်ပြီး ဘက်ထရီကတော့ 4,200mAh ဖြစ်ပါတယ်။ Mate 40 ကိုတော့ အနက်၊ အဖြူနဲ့ အရောင်သစ် Mystic Silver အပြင် အစိမ်းနဲ့ Vegan Leather Yellow တို့နဲ့ ထုတ်လုပ်ပါမယ်။ Mate 40 8GB နဲ့ 128GB ဗားရှင်းကတော့ ယူရို၈၉၉ကျသင့်ပါမယ်။

စိုးထက်

Ref: PocketNow